ကမ္ဘာ့အသက်ကြီးဆုံး လေထီးခုန်သမားဖြစ်လာတဲ့ အဘိုးအို

201705161.jpg

အသက် ၁၀၁ နှစ်ကျော်တဲ့ Verdun အမည်ရှိတဲ့ အဘိုးအိုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ပေ တစ်သောင်းခွဲ အမြင့်အရောက်မှာ လေယာဉ်ပေါ်က ခုန်ချခဲ့တဲ့အတွက် ကမ္ဘာ့အသက်ကြီးဆုံး လေထီးခုန်သမား ဖြစ်သွားပါပြီ။

ဒုတိယကမ္ဘာစစ်တုန်းက စစ်သားတစ်ဦးဖြစ်ခဲ့တဲ့ အဘိုးအိုက  အသက် ၁၀၁ နှစ်နဲ့ ၃၈ ရက် အရွယ်မှာ လေထီးနဲ့ ခုန်ချဆင်းခဲ့တာပါ။ အသက် ၁၀၀ ပြည့်နှစ်တုန်းကလည်း ဒီလိုပဲ ခုန်ချခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ပြည်တွင်းမှာ စံချိန်တင်ထားပေမယ့် သူ့အတွက် မကျေနပ်သေးပါဘူး။

အဘိုးအိုက အသက် ၉၀ ပြည့်နှစ်ကတည်းက ဒီလို လေထီးခုန်ဖို့ ရည်ရွယ်ချက် ရှိနေတာပါ။ ဒါပေမယ့် ဇနီးဖြစ်သူက တားမြစ်ထားတဲ့အတွက် ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့် မရခဲ့ပါဘူး။ ဇနီးကွယ်လွန်ချိန်မှာတော့ အဘိုးအိုက လေထီးခုန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့ရည်ရွယ်ချက်ကတော့ ၂၀၁၃ ခုနှစ်မှာ အသက် ၁၀၁ နှစ် နဲ့ ၃ရက် ရှိတဲ့ ကနေဒါနိုင်ငံသား အဘိုးအိုရဲ့ စံချိန်ကို ကျော်ဖို့ပါပဲ။ ခုတော့ အဘိုးအိုရဲ့ စိတ်ကူးတွေဟာ လက်တွေ့ဖြစ်လာပါပြီ။

အဘိုးအိုက သူ့ရဲ့ မိသားစု ဆယ်ဦးနဲ့ အတူတူ လေထီးခုန်ခဲ့ကြတာပါ။ သား၊ မြေး၊ မြစ် အစုံအလင်ပါပဲ။

Verdun ကတော့ အသက် ၁၀၂ နှစ်၊ ၁၀၃ နှစ် ရောက်ရင် ဒီလိုမျိုး လေထီးခုန်လို့ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

Ref: The Guardian; D-day veteran becomes world’s oldest skydiver at 101 and 38 days

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top