ရန်ကုန် အောက်တိုဘာ ၂၅
ကမ္ဘာမှာ အသက်အရွယ်ကြီးမားတဲ့ အာရှဆင်စာရင်းအဖြစ် ပါဝင်တဲ့ ဆင်မကြီးမိုမိုရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ပွဲကို အောက်တိုဘာ ၂၅ ရက်က ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ ကိုဗစ်စည်းမျဥ◌်းစည်းကမ်းတွေနဲ့အညီ ကျင်းပပြလုပ်ခဲ့ ပါတယ်။
ဆင်မကြီးမိုမိုရဲ့ မွေးနေ့ပွဲကို ၂၀၁၀ ခုနှစ်ကနေစတင်ပြီး စည်ကားသိုက်မြိုက်စွာနဲ့ နှစ်စဥ◌်ကျင်းပပြလုပ်ပေးခဲ့ ပေမယ့် အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဥ◌်က ဝန်ထမ်းတွေနဲ့သာ အကျဥ◌်းချုံး ပြုလုပ်ခဲ့ရပါတယ်။
ဒီလိုကျင်းပခဲ့ရတဲ့မွေးနေ့ပွဲမှာတော့ ကိတ်ခွဲတာ၊ ဖယောင်းတိုင်မှုတ်တာ၊ ဆင်မကြီးမိုမိုရဲ့ အပေါင်းအဖော်တွေ နဲ့ အသီးအနှံတွေကို ပျော်ပျော်ပါးပါးစားသောက်စေတာတွေကို ပြုလုပ်ခဲ့တဲ့အပြင် မွေးနေ့ဆုတောင်းပြောဆိုတာတွေ ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
မိုမိုဟာ သူမရဲ့ ခန့်မှန်းအသက် ၇ နှစ်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဥ◌်ကို စတင်ရောက်ရှိခဲ့တာြဖစ်ပြီးတော့ မြန်မာပြည်တစ်လွှားက ပြည်သူအပေါင်းတို့ရဲ့ အချစ်ဆုံးဆင်တစ်ကောင်အဖြစ် လူအများရဲ့ရင်ထဲမှာ နေရာယူ ထားပါတယ်။
သူမဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ကို လာရောက်လည်ပတ်သူတွေကို သူမကျွမ်းကျင်တဲ့ အက၊ အလှတွေနဲ့ ဖျော်ဖြေပေးခဲ့ရတဲ့အပြင် နိုင်ငံတော်အထင်ကရအခမ်းအနားတွေမှာလည်း တတ်စွမ်းသမျှ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ရပါတယ်။
ဒါပေမဲ့ သူမရဲ့ အသက် ၆၀ ပြည့်နှစ်မှာ ဒီဖျော်ဖြေရေးလုပ်ငန်းတွေကနေ အနားယူခဲ့ပြီးတော့ မျိုးဆက်သစ် ဆင်ငယ်လေးတွေကို ထိန်းကျောင်းရတဲ့အလုပ်ကိုလုပ်ရင်း ရန်ကုန်တိရစ္ဆာန်ဥယျာဥ◌်မှာ အေးချမ်းစွာ ဖြတ်သန်း နေထိုင်နေတယ်လို့ သိရပါတယ်။
KST(ရိုးရာလေး)