တစ်နိုင်ငံလုံးကရေရှားပါးခက်ခဲတဲ့နေရာတွေကို သောက်သုံးရေသန့်တွေလှူဒါန်းပေးနေတဲ့ ကမ္ဘောဇအနာဂတ်လင်းတန်းမြန်မာဖောင်ဒေးရှင်း

kb5.jpg

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းရဲ့စီစဉ်ဆောင်ရွက်မှုနဲ့ ၂၀၁၄ ခုနှစ်မှ စတင်ပြီး နိုင်ငံတစ်ဝန်း ရေရှားပါးတဲ့ ဒေသတွေက ပြည်သူတွေ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတွေ တူးဖော် လှူဒါန်းပေးတာ၊ ရေသယ်ယာဉ်တွေနဲ့ ရေဖြန့်ဝေပေးတဲ့လုပ်ငန်းတွေကို ဆာင်ရွက်ပေးလျက်ရှိပါတယ်။

နိုင်ငံအတွင်း နေရာဒေသအနှံ့အပြားမှာ စဉ်ဆက်မပြတ် တူးဖော်လှူဒါန်းပေးလျက်ရှိရာမှ ဧပြီလ (၁၁) ရက်နေ့မှာ စက်ရေတွင်း (၂၀၂) တွင်းမြောက် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၁) ရပ်ကွက် စက်ရေတွင်းက အနက်ပေ (၄၈၀) အရောက်မှာ တစ်နာရီကို ရေဂါလံပေါင်း (၃၀၀၀) ကျော် ဖြင့် ရေအောင်ခဲ့ပြီး ဒေသနေပြည်သူများ ရေကောင်းရေသန့်များ လုံလောက်စွာ သုံးစွဲနိုင်နေပြီလို့ သိရပါတယ်။ အောင်ပန်း မြို့ စိုက်ပျိုးရေးသုတေသနခြံနှင့် လားရှိုးမြို့နယ် ကောင်းကျဲအီ ကျေးရွာတို့မှာ ရကောင်းရေသန့်ရရှိရေးအတွက် ဆက်လက်တူးဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရေလိုအပ်နေတဲ့ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိရှိ ချမ်းမြေ့ကျောင်းမှလည်း ဆက်လက်တူးဖော်ပေးသွားမယ်လို့သိရပါတယ်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်သစ် (၄၇) စီးနဲ့ နိုင်ငံတစ်ဝန်းက ရေရှားပါးတဲ့ အရပ်ဒေသတွေမှာ ဒေသခံရပ်မိရပ်ဖတွေ၊ လူမှုရေးပရဟိတအဖွဲ့တွေနဲ့အတူ သောက်သုံးရေတွေ ဖြန့်ဝေလှူဒါန်းပေးနေတာဖြစ်ပါတယ်။ အခု ဧပြီလမှာလည်း ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု၊ ဟဲဟိုးမြို့နယ် ဆူပန်းအင်းကျေးရွာနှင့် တောင်ကြီးမြို့နယ် ဆွန်းလွန်းဘုန်းကြီးကျောင်းက်ု ရေသယ်ယာဉ်တွေနဲ့ သောက်သုံးရေတွေ လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရေရှားပါးနေတဲ့၊ ရေအခက်အခဲဖြစ်နေတဲ့ ဒေသတွေရှိနေသေးတဲ့အတွက် အခုလိုပူပြင်းလှတဲ့နွေရာသီမှာ ရေလှူဒါန်းမှုတွေ ပြုလုပ်လို့ရပါတယ်နော်..။

Ref: KBZ BANK
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top