MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည်ဆောင်ရွက်

3.7.23-yyl-16.jpg

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPT သည် ပြည်သူများ၏ လူမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဇွန်လ (၃၀) ရက်နေ့၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ နေရာပေါင်း (၁၄) နေရာတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ ရွေးချယ်ထားသောနေရာများတွင် သစ်ပင်ပေါင်း ၂,၀၀၀ ကျော်ကို MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ၁,၀၀၀ ကျော်က ပါဝင်စိုက်ပျိုးခဲ့ကြသည်။

MPT ၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သော “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်မှ တစ်ဆင့် သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းလာစေရန်နှင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၏ နေထိုင်မှုဘဝအရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည်။ MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန် လာစေရန်၊ ဖန်လုံအိမ်ဓါတ်ငွေ့များကိုလျော့ချနိုင်ရန်နှင့် ကာဘွန်ထုတ်လွှတ်မှုကို လျော့ပါးစေနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

သစ်ပင်များသည် လူသားများနှင့် တိရစ္ဆာန် တို့အတွက် နားခိုစရာနှင့် အစားအစာတို့ကို ဖန်တီးပေးသောကြောင့် သစ်ပင်စိုက်ပျိုးခြင်းမှ ကုသိုလ်များစွာ ရရှိသည်ဟု မြန်မာ့ရိုးရာအစဉ်အလာအရ ယုံကြည်လက်ခံထားပါသည်။ MPT ၏ အခြားသော တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများနည်းတူ ယခု သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုသည်လည်း လူမှုအသိုက်အဝန်း၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပိုမိုအောင်မြင်လာမည်ဟု ယုံကြည်ပါသည်။

MPT အနေဖြင့် ၂၀၁၇ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ဒေသခံ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။အဆိုပါ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် သစ်ပင်ပေါင်း ၁၇,၀၀၀ ကျော်စိုက် ပျိုးပြီးစီးခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အထောက်အပံ့ပြု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top