ဖခင်ကို အောက်မေ့တသတဲ့အနေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာမှာ ၅ နာရီ ၉ မိနစ်နဲ့ ၁၀.၄ မိုင်ရေကူးခဲ့တဲ့အိုလံပစ်ချန်ပီယံ

27-9-2021-yyl2.jpg

အသက် ၂၉ နှစ်အရွယ် အိုလံပစ်ရေကူးသမားအယ်လီဇဘက်သ် ဘိုင်ဆယ် (Elizabeth Biesel) ဟာ သမိုင်းတွင်မယ့် မစ်ရှင်တစ်ခုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင်ကို အောက်မေ့တသဂုဏ်ပြုတဲ့အနေနဲ့ ရုဒ်ကျွန်း (Rhode Island) ကနေ ဘလော့ခ်ကျွန်း (Block Island) ထိ ရေကူးခဲ့တာပါ။ ဒီမစ်ရှင်ကို စက်တင်ဘာလ ၂၅ ရက်နေ့က ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အစက အတ္တလန္တိတ်သမုဒ္ဒရာမှာ ရေကူးမယ့်အကွာအဝေးက ၂၀ ကီလိုမီတာ (၁၂.၄ မိုင်) လို့ ခန့်မှန်းထားခဲ့ပေမဲ့ ၁၀. ၄ မိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီအကွာအဝေးက ဘိုင်ဆယ်၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာ ငွေတံဆိပ်ဆုရရှိခဲ့တဲ့ မီတာ ၄၀ ထက် ပိုများပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က (၅ နာရီ ၁၉ မိနစ်) အတွင်း ၁၀.၄ မိုင် ရေကူးခြင်းပြီးမြောက်အောင်မြင်ခဲ့ပါတယ်။

ရုဒ်ကျွန်းမှာ ကြီးပြင်းလာခဲ့တဲ့ ဘိုင်ဆယ်အတွက် ငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တာက ရေကူးတာပါပဲ။ ဘိုင်ဆယ်က ၁၀. ၄ မိုင်ရေကူးနိုင်ခဲ့တဲ့အတွက် သမိုင်းတွင်တဲ့ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ အရင်က ဘယ်အမျိုးသမီးကမှ သူ့လို မလုပ်ဆောင်ခဲ့လို့ပါပဲ။
ဘလော့ခ်ကျွန်းမှာတော့ ဘိုင်ဆယ် တန်ဖိုးထားမြတ်နိုးရတဲ့ သူ့ရဲ့ဖခင် တတ်ဒ် ဘိုင်ဆယ် (Ted Biesel) ရဲ့အမှတ်တရတွေရှိနေခဲ့ပါတယ်။

ကျွန်းပေါ်မှာ သူ့ရဲ့ဖခင်နဲ့ အတူ စွန့်လွှတ်ခဲ့တဲ့၊ လှည့်ပတ်သွားလာခဲ့တဲ့ အမှတ်တရတွေနဲ့ ပြည့်နေခဲ့တာပါ။ သူ့ရဲ့ဖခင်ဟာ ၂၀၂၀ခုနှစ် ခရစ်စမတ်နေ့မှာ သရက်ရွက်ကင်ဆာ အဆင့် ၄ ကို ခံစားခဲ့ရတာပါ။ ဒီရောဂါကို ကြိုးစားတွန်းလှန်ရင်းတဲ့ ၂၀၂၁ခုနှစ် ဇူလိုင်လမှာ သေဆုံးသွားခဲ့ပါတယ်။ ဘိုင်ဆယ်ကတော့ သူ့ဖခင်နဲ့ပတ်သက်ပြီး ပြောချင်တဲ့ တစ်ခုတည်းသောအရာက သူ တစ်ခါမှ အပြစ်မတင်ခဲ့ဘူးဆိုတာပါပဲ။ ကင်ဆာရောဂါခံစားနေရတာတောင် နောက်ဆုံးထွက်သက်ထိ အကောင်းမြင်စိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလက သူ့ဖခင် ကင်ဆာရောဂါကို ကျော်လွှားနိုင်စေဖို့ ခွန်အားပေးတဲ့အနေနဲ့ ရေကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရေကူးတာက ကင်ဆာရောဂါတွန်းလှန်ရင်းနဲ့ သူ့ဖခင်ကို တစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ တွေးခဲ့တာပါ။ ဘိုင်ဆယ်က ကင်ဆာသုတေသန၊ ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် ရန်ပုံငွေရှာပေးဖို့ နိုင်ငံတဝှမ်းမှာ ပရဟိတရေကူးခြင်းကို စီစဉ်ပေးတဲ့ အကျိုးမမြတ်မယူတဲ့ အဖွဲ့အစည်း Swim Across America နဲ့ အဆက်အသွယ်လုပ်ခဲ့ပါတယ်။ သူတို့ပူးပေါင်းပြီး ဘိုင်ဆယ်ရဲ့ရေကူးခြင်းမစ်ရှစ်အတွက် Block Cancer (Beisel’s Fundraising platform) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဘိုင်ဆယ်ရဲ့ဖခင်ကတော့ သူ့တစ်ယောက်တည်းအတွက်နဲ့ ရေမကူးစေချင်ခဲ့ဘူး။ ကင်ဆာရောဂါခံစားနေရတဲ့လူတိုင်းအတွက် ရေကူးစေချင်ခဲ့တာပါ။ ဘိုင်ဆယ်က ကင်ဆာသုတေသနအတွက် ရန်ပုံငွေ ဒေါ်လာ ၅၀၀၀ ရအောင် စတင်လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်လာ၁၀၀,၀၀၀ ကျော်ရရှိနေပါပြီ။ ဒီပိုက်ဆံတွေအားလုံးကို သူ့ရဲ့ဖခင် ဆေးကုသမှုခံယူခဲ့တဲ့ ဆေးရုံအပါအဝင် ဒေသတွင်းဆေးရုံတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ ဘိုင်ဆယ်က ဆိုပါတယ်။

ဘိုင်ဆယ်က အခုလိုရေကူးမယ့်မစ်ရှင်အတွက် မတ်လမှာ လေ့ကျင့်ရေးစတင်ခဲ့တာပါ။ ကိုဗစ်-၁၉ တားမြစ်ကန့်သတ်ချက်တွေကြောင့် ရုဒ်အိုင်းလန်းပြည်နယ်က ရေကူးကန်တွေ မဖွင့်ခဲ့ပါဘူး။ သမုဒ္ဒရာရေကလည်း ရေကူးဖို့ အတော်လေးနွေးတဲ့အချိန်မှာတော့ ဇွန်လအထိ မြေပြင်မှာပဲ လေ့ကျင့်ခဲ့ရတယ်။ ဇွန်လကစပြီး တစ်နေ့ကို (၃.၁) မိုင်ကနေ (၆.၂) မိုင် ထိ ရေကူးဖို့ ကြိုးစားခဲ့ပါတယ်။ Gym မှာလည်း Workout လုပ်ခဲ့ပါတယ်။ တစ်နေ့ကို (၂) နာရီကနေ (၄) နာရီထိ လေ့ကျင့်ရပါတယ်။

ဘိုင်ဆယ်မှာ ရာသီဉတု၊ ဒီရေနဲ့ ရေစီးကြောင်းတွေပေါ်မူတည်ပြီး ရေကူးတာကို လမ်းညွှန်ပြသပေးမယ့် လေ့ကျင့်ရေးအဖွဲ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ မှာတော့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ရေကူးခြင်းမစ်ရှင်ကို စတင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့အသက်မွေးဝမ်းကျောင်းမှာ အမှတ်တရအဖြစ်ဆုံးရေးကူးခြင်းဖြစ်တယ်လို့ ဘိုင်ဆယ်က ဆိုပါတယ်။

Ref: People & ABCNews “Elizabeth Beisel Becomes First Woman to Complete Historic Block Island Swim: ‘Humbled and Honored”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top