အာရုံကြောငြိမ်သက်စေဖို့အတွက် ဂီတဟာ ဆေးတစ်ပါးဖြစ်

67343740_2499760503388188_2127434890986127360_n.jpg

ခွဲစိတ်မှုမလုပ်ခင် ကမ္ဘာ့အငြိမ့်ညောင်းဆုံးသံစဉ်နားထောင်ပေးတာက အာရုံကြောတည်ငြိမ်စေတဲ့ ဆေးသောက်သလိုအာနိသင်ရှိတယ်လို့ အမေရိကန်သုတေသီတွေကပြောပါတယ်။ သုတေသီတွေက လူနာ (၁၅၇) ဦးကို သုတေသနလုပ်ခဲ့ကြတာပါ။ လူနာအချို့ကို ခွဲစိတ်မှုမလုပ်ခင် midazolam ဆေးတိုက်ပြီး တချို့လူနာတွေကိုတော့ ဗြိတိန်တေးဂီတအဖွဲ့ Marconi Union ရဲ့ Weightless သံစဉ်ကို (၃) မိနစ်ကြာ ဖွင့်ပြခဲ့ပါတယ်။ အဲဒီနောက်စစ်ဆေးရာမှာ ဆေးသောက်ထားတဲ့လူနာတွေနဲ့ သီချင်းနားထောင်တဲ့လူနာတွေရဲ့ စိုးရိမ်ပူပန်စိတ်လျော့ကျမှုပမာဏ တူညီနေတာတွေ့ရပါတယ်။ စိုးရိမ်ပူပန်မှု၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းလျှော့ကျအောင်ရည်ရွယ်ထားတဲ့ အဲဒီသံစဉ်ကို မေ့ဆေးအဖြစ်လည်း အသုံးပြုနိုင်တယ်လို့ တွေ့ရပါတယ်။

ခွဲစိတ်မှုမလုပ်ခင် စိုးရိမ်ပူပန်မှုခံစားရရင် ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေထွက်လာစေလို့ နလန်ထူနိုင်ဖို့ခက်ခဲတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း ခွဲစိတ်ကုသမှုလုပ်ရာမှာ ဂီတကို အဖိုးတန်ဆေးတစ်မျိုးလို အသုံးပြုခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ မူဆာနဲ့ အန်နာမာရီလို့ အမည်ရတဲ့လူနှစ်ဦးကို ဦးနှောက်ခွဲစိတ်မှုလုပ်ရာမှာ တူရိယာတွေတီးခတ်ခိုင်းခဲ့ပြီး သူတို့ရဲ့ဦးနှောက်အခြေအနေကိုလေ့လာခဲ့ပါတယ်။ အဲဒီလိုလေ့လာရာမှာ ဂီတက ဦးနှောက်စွမ်းဆောင်ရည်အပေါ်အာနိသင်ရှိစေတယ်ဆိုတာ တွေ့ရှိခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top