ထီဆုပေါက်ခဲ့ပေမဲ့ ထီလက်မှတ်ကို စာတိုက်ပုံးကနေပို့ရင် ပျောက်သွားလို့ ဆုကြေးငွေဆုံးရှုံးခဲ့ရသူ

2-1-2020-yyl-006.jpg

ထီဆုကြီးပေါက်ခဲ့ပေမဲ့ ထီလက်မှတ်ပျောက်သွားလို့ ထီဆုကြေးမရတော့ဘူးဆိုရင် တော်တော်လေး ယူကြုံးမရဖြစ်မိမှာတော့ အမှန်ပါပဲနော်။ ဖလော်ရီဒါပြည်နယ်က ထီပေါက်တဲ့အမျိုးသမီးကဆိုရင် ဒေါ်လာ ၁၀၀၀ ထီပေါက်ခဲ့ပေမဲ့ ထီလက်မှတ်ကို ဆုကြေးထုတ်ပေမယ့် ထီရုံးချုပ်ကို စာတိုက်ပုံးကနေ ပို့ပေးခဲ့ပေမဲ့ ရုံးချုပ်ကို မရောက်ဘဲ ကြားထဲမှာပျောက်သွားတဲ့အတွက် ထီဆုကြေးမရတော့တဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သြဂုတ်လမှာ ဆူး ဘာဂီစ် (Sue Burgess) ဆိုတဲ့အဲဒီအမျိုးသမီးက Second Chance Lottery ဆုကို ပေါက်ခဲ့ပြီး သူ့ရဲ့ထီလက်မှတ်ကို စာတိုက်ပုံးကနေ Florida Lottery Headquarters ကို ပေးပို့ခဲ့ပါတယ်။

ဆူး ဘာဂီစ်က ထီပေါက်တယ်လို့ သိတော့ အရမ်းဝမ်းသာခဲ့ရတဲ့အပြင် ဒေါ်လာသန်းချီပေါက်သလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အကြာမှာ Florida Lottery က သူတို့ ထီလက်မှတ်ကို လက်ခံမရရှိတဲ့အတွက် ဆုကြေးငွေကို သူ့နောက်က ထီပေါက်တဲ့သူကို လွှဲပြောင်းပေးဖို့ လိုတယ်လို့ အကြောင်းကြားလာခဲ့ပါတယ်။ The Florida Lottery ရဲ့ Second Chance ထီကံစမ်းမှုက ထီမပေါက်တဲ့လက်မှတ်ပိုင်ရှင်တွေကိုလည်း ထီဆုကြေးရနိုင်မယ့် အခွင့်အရေးပေးထားပါတယ်။ ထီကံစမ်းတဲ့သူတွေက ထီပေါက်တဲ့သူ ထီဆုကြေးထုတ်ယူလို့မရရင် သူတို့ ရနိုင်ဖို့အတွက် လက်မှတ်တွေကို မှတ်ပုံတင်ပေးရပါတယ်။

ဆူး ဘာဂီစ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထီလက်မှတ်ကို တရားဝင်စာတိုက်ပုံကနေ ပေးပို့ခဲ့ရပါတယ်။ ပြည်နယ်က ထီရုံးတွေက ဇူလိုင်လကစပြီး ပိတ်ထားရပါတယ်။ ဒါကြောင့် ထီပေါက်တဲ့သူတွေက သူတို့ရဲ့လက်မှတ်တွေကို စာတိုက်ပုံးကနေတဆင့်ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မှာ ဆူး ဘာဂီစ်ရဲ့ထီလက်မှတ်ပါတဲ့စာအိတ်က Tallahassee စာတိုက်ကို ရောက်မလာခဲ့တဲ့အတွက် ဆုကြေးငွေထုတ်ယူရမယ့် ထီရုံးချုပ်ကိုလည်း ထီလက်မှတ်မရောက်ခဲ့တော့ပါဘူး။ ထီရုံးချုပ်က “ထီလက်မှတ်မရှိလို့ ထီဆုကြေးလည်းမရဘူး”လို့ ဆူး ဘာဂီစ်ကို ပြောခဲ့ပါတယ်။ “ကျွန်မ ပယ်ချခံလိုက်ရတယ်။ အသက်ရှုရပ်မတတ်ပါပဲ”လို့ ဆူး ဘာဂီစ်က ပြောပါတယ်။

The Florida Lottery က ထီလက်မှတ်တွေကို စာတိုက်ပုံးကနေ ပေးပို့တာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ဝက်ဆိုက်မှာ တင်ထားပါတယ်။ လမ်းညွှန်ချက်မှာတော့ ” U.S Postal Service စည်းမျဉ်းက စာတိုက်ပုံးကနေ ထီလက်မှတ်ပေးပို့မှုမှာ တင်းတင်းကျပ်ကျပ်လုပ်ထားတာတွေပါဝင်ပါတယ်။ ထီလက်မှတ်ပေးပို့တာမှာ လက်မှတ်ပျောက်ဆုံးမယ်ဆိုရင် ထီပိုင်ရှင်နဲ့သာသက်ဆိုင်ပြီး ထီဆိုင်ကလည်း ဒါကို ထည့်သွင်းစဉ်းစားပေးမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။ စာတိုက်ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

Customerတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ အမြဲတမ်းပေးထားတယ်လို့် ပြောပါတယ်။ “ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုတွေအတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်။ ထီလက်မှတ်ဖြတ်ပိုင်းကို အတည်ပြုနိုင်ဖို့အတွက် ထီရုံးနဲ့ ဆက်လက်အလုပ်လုပ်နေပါတယ်” လို့ ဆိုပါတယ်။ ဆူး ဘာဂီစ်က ထီလက်မှတ်ပြဖို့ နောက်ကျနေပြီး အခြားထီပေါက်တဲ့သူက သူ့ရဲ့ဒေါ်လာ ၁၀၀၀ ကိုတောင် လက်ခံရရှိနေပေမဲ့ the Florida Lottery က ဆူး ဘာဂီစ်အတွက်ငဲ့ညာစဉ်းစားပေးချင်နေပါတယ်။ ထီလက်မှတ်ထည့်ထားတဲ့စာအိတ်မှာ ပါတဲ့ရက်စွဲက ထီဆုကြေးထုတ်ယူနိုင်မယ့် နောက်ဆုံးရက်ထက် စောနေမယ်ဆိုရင် ဆူး ဘာဂီစ်က ဆုကြေးရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုချိန်ကစပြီး ဒေါ်လာ ၅၀၀၀ နဲ့ ဒေါ်လာ ၅၀၀၀ ထက်ပိုတဲ့ ထီဆုကြေးတွေကို လူကိုယ်တိုင်ထုတ်ယူနိုင်တယ်လို့ ထီရုံးက ပြောထားပါတယ်။

Ref: CBSNews “Florida Lottery winner forced to forfeit prize after ticket gets lost in mail”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top