၂.၈၉ ဘီလျံတန်ဖိုးရှိတဲ့ တွစ်တာရှယ်ယာ ၉ ရာခိုင်နှုန်းကို အီလွန်မက်စ် ဝယ်ယူ

4-4-2022-yyl-26.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က တွစ်တာရဲ့ ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ အမေရိကန်နိုင်ငံ ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission) ရဲ့ တင်ပြချက်မှာ ဖော်ပြပါတယ်။ Tesla ကုမ္ပဏီကို တည်ထောင်သူ အီလွန်မက်စ်ဟာ မတ်လ ၁၄ ရက်နေ့က တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာ 73486938 စုကို ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

အဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာပဲ စတော့ရှယ်ယာ ဈေးကွက်မဖွင့်ခင် တွစ်တာကုမ္ပဏီရဲ့ရှယ်ယာက ၂၅ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ဈေးကွက်ပိတ်ဈေးအရဆိုရင် အီလွန်မက်စ် ဝယ်ယူခဲ့တဲ့ ရှယ်ယာတန်ဖိုးက အမေရိကန်ဒေါ်လာ ၂.၈၉ ဘီလျံ ရှိပါတယ်။

အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီး တွစ်တာကုမ္ပဏီကို တည်ထောင်သူ ဂျက်ဒေါ်ဆေး (ရှယ်ယာ ၂.၂၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်)ထက် ရှယ်ယာပိုင်ဆိုင်မှု ၄ ဆကျော် ပိုများနေပါတယ်။ အီလွန်မက်စ်ဟာ တွစ်တာ ပုံမှန်အသုံးပြုသူတစ်ဦးဖြစ်ပြီး ထောက်ခံအားပေးသူ သန်း ၈၀ ကျော် ရှိပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကတော့ လူမှုကွန်ရက်သစ် တည်ထောင်ဖို့ အမှန်တကယ်စဉ်းစားနေတယ်ဆိုပြီး သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ ” ဒီမိုကရေစီစနစ် လည်ပတ်ဖို့ လွတ်လပ်စွာပြောဆိုခွင့်က မရှိမဖြစ် အရေးကြီးပါတယ်။ တွစ်တာက အဲဒီစည်းမျဉ်းကို တိတိကျကျ လိုက်နာတယ်လို့ ယုံကြည်ကြသလား။ လူမှုကွန်ရက်သစ် လိုအပ်နေပြီလား” လို့ အီလွန်မက်စ်က ရေးသားခဲ့တာပါ။

Ref: BBC “Elon Musk snaps up $3bn Twitter stake”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top