Epic Games က Xbox နဲ့ ပူးပေါင်းပြီး ယူကရိန်းအတွက် ရန်ပုံငွေ ၁၄၄ သန်း ရှာဖွေပေးနိုင်ခဲ့

4-4-2022-yyl-27.jpg

ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ဖို့ Xbox နဲ့ ပူးပေါင်းပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၄ သန်း ရှာဖွေနိုင်ခဲ့တယ်လို့ Epic Games ကုမ္ပဏီက ပြောပါတယ်။ Fortnite အွန်လိုင်းဂိမ်းကို ဖန်တီးခဲ့တဲ့ Epic Games ကုမ္ပဏီဟာ ဧပြီလ ၃ ရက်မတိုင်ခင် ဂိမ်းဇာတ်ကောင် အသုံးအဆောင်ပစ္စည်း၊ ဂိမ်းထဲမှာသုံးတဲ့ ငွေကြေးတွေ ရောင်းချရမှု အပါအဝင် ဂိမ်းထဲကနေ ရောင်းချရရှိတဲ့ အကျိုးအမြတ်အားလုံးကို ယူကရိန်းနိုင်ငံအတွက် လှူဒါန်းပေးမယ်လို့ ကြေညာခဲ့တာပါ။

Microsoft ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Xbox ကလည်း Fortnite ဂိမ်း ကစားသူတွေ ဂိမ်းပစ္စည်းဝယ်ယူတဲ့အခါ သူတို့ရရှိတဲ့ ငွေကြေးကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ရန်ပုံငွေ ရရှိအောင် ပါဝင်ကူညီပေးခဲ့သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ Epic Games ကုမ္ပဏီက ဆိုပါတယ်။

Epic Games ကုမ္ပဏီအပြင် Humble Bundle ဂိမ်းကုမ္ပဏီကလည်း အွန်လိုင်းကနေ လက်ရွေးစင်ဗီဒီယိုဂိမ်းတွေ ရောင်းချပြီး ယူကရိန်းနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

Ref: BBC “Ukraine war: Fortnite maker Epic Games raises $144m (£110m) to help victims”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top