ဒေါင်းဆင်ဒရုန်းရောဂါရှိပေမဲ့ ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ ပထမဆုံးဩစတြေးလျလူမျိုးဖြစ်လာခဲ့သူ

4-4-2022-yyl-28.jpg

အသက် ၄၄ နှစ် အရွယ် ရာချယ် ဟိုက်ချ် (Rachel High) ဆိုသူက ဒေါင်းဆင်ဒရုန်းရှိပေမဲ့ တက္ကသိုလ်ကနေ ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ ပထမဆုံးဩစတြေးလျလူမျိုးဖြစ်လာခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကလည်း သူ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုလို့နေပါတယ်။ ရာချယ်က ဒီဘွဲ့တစ်ခုပြီးမြောက်အောင်မြင်ဖို့အတွက် Academic Language ကို ဘာသာပြန်တာနဲ့ အခြားကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံရတာအပါအဝင် အခက်အခဲတွေကို ကျော်လွှားခဲ့ရတာပါ။ ရာချယ်က သူ တက္ကသိုလ်စတတ်တုန်းက စိုးရိမ်ပူပန်တာ။ နည်းနည်းကြောက်ရွံ့တာမျိုးတွေဖြစ်ခဲ့ပါတယ်။

အစပိုင်းတော့ ရာချယ်က တက္ကသိုလ်ဘဝကို သူနဲ့အတူ မျှဝေခံစားပေးမယ့်သူ၊ လမ်းပြပေးမယ့်သူမရှိခဲ့တဲ့အတွက် အထီးကျန်သလိုခံစားခဲ့ရပါတယ်။ ရာချယ်က တက္ကသိုလ်တက်ရတာမကြိုက်ခဲ့ဘူး။ ဘယ်သူကမှ သူ့ကို စကားမပြောခဲ့ကြဘူး။ ဒေါင်းဆင်ဒရုန်းနဲ့လူလတ်ပိုင်းအရွယ်လူတစ်ယောက်ကို စောင့်ရှောက်ပေးမဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိမနေခဲ့ဘူးလို့ ရာချယ်ရဲ့မိခင် မီရီရန် (Miriam) က ပြောပါတယ်။ တက္ကသိုလ်ဘဝရဲ့တောင်းဆိုချက်တွေကို ရင်ဆိုင်ဖို့ ရာချယ်အတွက် ခက်ခဲခဲ့ပေမဲ့ အဆုံးထိ‌ရောက်အောင်သွားနိုင်ခဲ့ပါတယ်။

ရာချယ်ရဲ့မိသားစုက ကျောင်းစာနဲ့ပတ်သက်ပြီး သူ ဘာသာပြန်လို့ရဖို့၊ နားလည်ဖို့ ကူညီပေးခဲ့ကြတာပါ။ အဲဒီနောက်မှ ရာချယ်က assignment တွေကို ရေးနိုင်ခဲ့ပါတယ်။ ရာချယ်က ဖောင်ဒေးရှင်းသင်တန်းတစ်ခုကတဆင့် တက္ကသိုလ်ဝင်ခွင့်ရခဲ့တာပါ။ အဲဒီနောက် ရည်မှန်းချက်ကြီးတဲ့ကျောင်းသူ ရာချယ်က သူသဘောကျနှစ်ခြိုက်တဲ့ Drama and Screen Studies ဘာသာရပ်ကို ယူပြီး ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။

အစပိုင်းမှာတော့ သူ့ရဲ့မိဘတွေကို တစ်ယောက်ယောက်နဲ့ အပေါင်းအသင်းလုပ်ဖို့ ကူညီပေးခဲ့ပါတယ်။ သူနဲ့အပေါင်းအသင်းကြားမှာ အဆက်ဆံရှိတာနဲ့ မိတ်ဆွေအသစ်တွေတွေ့ရတာက ကျောင်းသားဘဝကို ပျော်ရွှင်လာစေဖို့ ကူညီပေးခဲ့ပါတယ်။ ၁၀ နှစ်ကြာ ကြိုးစားခဲ့ပြီးတဲ့နောက် နောက်ဆုံးတော့ ခရီးရှည်ကြီးအဆုံးသတ်ကို ရောက်နိုင်တဲ့အတွက် ဝမ်းသာမိတယ်လို့ ရာချယ်က ဆိုပါတယ်။

Linkedln က လူမှုကွန်ယက်အသုံးပြုသူတွေက ရာချယ်ရဲ့ ဘွဲ့ရတဲ့သတင်းကောင်းကို သိရပြီး သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ရာချယ်ရဲ့နောက်ဆုံးသုတေသနစာတမ်းကို ကြီးကြပ်ပေးခဲ့တဲ့ ပါမောက္ခ ဆယ်လီ ရောဘင်ဆန် (Sally Robinson) ဟာ ရာချယ်ရဲ့ဇာတ်လမ်းက ဉာဏ်ရည်ဉာဏ်သွေးစိန်ခေါ်မှုတွေရင်ဆိုင်နေရတဲ့လူတွေ တက္ကသိုလ်မှာ အောင်မြင်နိုင်ကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

Ref: Dailymail “Inspiring story of how student with Down syndrome overcame incredible obstacles to become the first in Australia to graduate from university”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top