ဗီလာအပြင်ဘက်မှာ လဲကျပြီး ဆေးရုံတင်ခဲ့ရတဲ့ တေးဂီတပညာရှင် အယ်လ်တန်ဂျွန်

29.8.23-yyl-1.jpg

နာမည်ကျော်တေးဂီတပညာရှင် အယ်လ်တန်ဂျွန်ဟာ တနင်္ဂနွေနေ့က သူ့ရဲ့နေအိမ်မှာ ချော်လဲပြီး ဆေးရုံတင်ခဲ့ရပါတယ်။ အသက် ၇၆ နှစ်အရွယ် အယ်လ်တန်ဟာ ပြင်သစ်နိုင်ငံက သူ့ရဲ့ဗီလာအပြင်ဘက်မှာ လဲကျခဲ့ပြီး Princess Grace Hospital ပို့ဆောင်ခဲ့ရတာပါ။ သူ့ကို တစ်ညလုံး စောင့်ကြည့်စစ်ဆေးခဲ့ရပါတယ်။ အခုတော့ ဆေးရုံက ဆင်းပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

“အယ်လ်တန်က ကြိုတင်စစ်ဆေးကာကွယ်မှုတွေလုပ်တဲ့အနေနဲ့ ဒေသတွင်း ဆေးရုံကို တက်ခဲ့ပါတယ်။ ဆေးစစ်ပြီးတာနဲ့ ဆေးရုံက ဆင်းသွားခဲ့ပြီး အခုဆို နေအိမ်ပြန်ရောက်ပြီး ကျန်းမာရေးကောင်းမွန်နေတယ်”လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ်ကလည်း အယ်လ်တန်က ပြင်းပြင်းထန်ထန်လဲကျပြီး တင်ပါးဆုံရိုးထိခိုက်သွားခဲ့လို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် စီစဉ်ထားတဲ့ ဖျော်ဖြေရေးခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

Ref: Elton John briefly hospitalized after fall, now back home in ‘good health’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top