မြန်မာငွေ ၂၁ သိန်းကျသင့်မယ့် ကီးဘုတ်ဂျက်ကတ်

29.8.23-yyl-2.jpg

Liminal Work Shop အမှတ်တံဆိပ်က ကွန်ပျူတာကီးဘုတ်ရဲ့ Key ၅၄ ခုကို ဒီဇိုင်းပုံဖော်ထားတဲ့ ဂျက်ကတ် ဖန်တီးခဲ့ပါတယ်။ ရေစိုခံနိုင်လွန်သားနဲ့ ချုပ်လုပ်ထားတဲ့ အဲဒီဂျက်ကတ်ဟာ ဇစ်ဆွဲ ရင်ကွဲအမျိုးအစား ဖြစ်ပြီး ဇစ်တပ်အိတ်ကပ်နဲ့ ခါးရှုံ့ကြိုးလည်း ပါပါတယ်။ ဈေးနှုန်းကတော့ ၆၂၃ ဒေါ်လာဖြစ်ပြီး မြန်မာငွေ ၂၁ သိန်းဝန်းကျင် ကျသင့်မှာပါ။

ကီးဘုတ်ဒီဇိုင်းဟာ ဖက်ရှင်လောကအတွက် အသစ်အဆန်းတစ်ခုဖြစ်ပြီး အမြင်ဆန်းပြားပါတယ်။ အနက်ရောင်နဲ့ ဆင်စွယ်ရောင် အရောင်နှစ်မျိုး ရှိပါတယ်။ ဆင်စွယ်ရောင်ကတော့ သားရေနဲ့ ချုပ်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၇၀ ပဲ ကျသင့်မှာပါ။ ဒါပေမဲ့ ဆင်စွယ်ရောင်ဒီဇိုင်းကတော့ Key ပိုနည်းပါတယ်။

Ref: This Keyboard-Inspired Puffer Jacket Can Be Yours for $623

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top