Star Lord မဖြစ်ခင်က Captain America ဇာတ်ရုပ်အတွက် သရုပ်ဆောင်စစ်ဆေးမှုလုပ်ခဲ့ဖူးတဲ့ ခရစ် ပရတ်

yyl-015-6.jpg

Mavel ရဲ့ နာမည်ကြီးဟီးရိုးဇာတ်ကောင်ဖြစ်တဲ့ Captain America ဇာတ်ရုပ်ကို ခရစ် အီဗင် (Chris Evans) သရုပ်မဆောင်ခင်က အဲဒီ Captain America ဇာတ်ရုပ်အတွက် the Guardians of the Galaxy နဲ့ The Jurassic World တို့ရဲ့သရုပ်ဆောင် ခရစ် ပရတ် (Chris Pratt) က သရုပ်ဆောင်စစ်ဆေးမှု ပြုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
အခုတော့ ခရစ် ပရတ်က The Guardians of the Galaxy ရုပ်ရှင်ကားတွေမှာ Star Lord ဇာတ်ရုပ်အနေနဲ့ ပါဝင်ခဲ့ပြီးတဲ့နောက်မှာ MCU ရဲ့အဖွဲ့သားဖြစ်လာခဲ့တာပါ။ Captain America ဇာတ်ရုပ်အတွက် သရုပ်ဆောင်စစ်ဆေးမှုမှာ ခရစ် ပရတ်ကို Marvel Studio ရဲ့အကဲဖြတ်အဖွဲ့ဝင်ဒါရိုက်တာ ဆာရက်ဖင်က ပါဝင်စေချင်ခဲ့တာပါ။ ဒါရိုက်တာ ဆာရက်က ခရစ်ကို သရုပ်ဆောင်စစ်ဆေးမှုမှာ ပါဝင်ခွင့်ပေးဖို့ ဒါရိုက်တာ ဂျိန်း ဂန်ကို တိုက်တွန်းပြောကြားခဲ့ရပါတယ်။

ခရစ် ပရတ်က ဒီဇာတ်ရုပ်ကို သရုပ်မဆောင်ချင်တဲ့အတွက် သရုပ်ဆောင်စစ်ဆေးမှုအတွက် ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခရစ်ကို သရုပ်ဆောင်စစ်ဆေးမှုမှာ ပါဝင်ခွင့်ရအောင် ဒါရိုက်တာ ဂျိန်း ဂန်ကို ဆာရက်က ပြောဆိုရင်းနဲ့ Star Lord ဇာတ်ရုပ်အတွက်ပဲ ခရစ်ကို တိုက်တွန်းနိုင်ခဲ့ပါတယ်။”ကျွန်မ သူ့ကို သရုပ်ဆောင်စစ်ဆေးမှုမှာ ပါဝင်စေနိုင်ခဲ့ပါတယ်။ ဂျိန်း ဂန်က ခရစ်ကို မမြင်ချင်ခဲ့ဘူး။ ဒါက တကယ်ကို စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အလုပ်အတူတူလုပ်တာကို မြင်ရတော့ တကယ်ကို ပျော်ပါတယ်။ သရုပ်ဆောင် စစ်ဆေးနေစဉ်အတွင်း ၁၀ စက္ကန့်လောက်မှာ ကျွန်မဘက်ကို ဂျိန်းက “ခရစ်က လူတော်ပဲ” လို့လှည့်ပြီးပြောခဲ့ပါတယ်” လို့ ဆာရက်က ခရစ် ပရတ်ရဲ့ သရုပ်ဆောင်စစ်ဆေးမှုအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

ချက်ဒ်ဝစ် ဘို့စ်မန်း (Chadwick Boseman) ကလည်း Black Panther ဇာတ်ရုပ်အဖြစ် သရုပ်မဆောင်ခင်က Drax The Destroyer (The Guardians of the Galaxy) ဇာတ်ရုပ်အတွက် သရုပ်ဆောင်စစ်ဆေးမှုပြုလုပ်ခဲ့ဖူးပါတယ်။

Ref: NME “Marvel’s Chris Pratt originally auditioned for the role of Captain America”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top