HIV နဲ့ AIDS တိုက်ဖျက်ဖို့ ဆောင်ရွက်ခဲ့တဲ့ အဆိုတော် အယ်လ်တန်ဂျွန်ကို ဟားဗတ်တက္ကသိုလ် ဂုဏ်ပြုဆုချီးမြှင့်

nz1.jpg

HIV နဲ့ AIDS တိုက်ဖျက်နိုင်ဖို့အတွက် ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တဲ့ ဗြိတိန်အဆိုတော် ဆာအယ်လ်တန်ဂျွန်ကို ဟားဗတ်တက္ကသိုလ်က ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

ဆာအယ်လ်တန်ဂျွန်ဆိုတာ ဘာနီတော်ပင်နဲ့ပေါင်းပြီး Candle in The Wind(လေထဲက ဖယောင်းတိုင်)သီချင်းကို ရေးစပ်ဖန်တီးခဲ့သူပါ။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဟားဗတ်ဖောင်ဒေးရှင်းက အယ်လ်တန်ဂျွန်ကို ပီတာဂျေဂိုးမက်စ်လူသားချင်းစာနာထောက်ထားမှုဆု ချီးမြှင့်ခဲ့ဖူးပါတယ်။ အယ်လ်တန်ဂျွန်က AIDS ရောဂါကြောင့် သူ့သူငယ်ချင်းတွေ အသက်ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်က ဆေးစွဲနေလို့ သူငယ်ချင်းတွေကို မကူညီနိုင်ခဲ့တဲ့အတွက် နောင်တရမိတယ်လို့ ဆိုပါတယ်။

 

 

၁၉၈၀ ပြည့်နှစ်တစ်ဝိုက်က AIDS ရောဂါကြောင့် ပျက်ကပ်ဆိုက်ချိန်မှာ HIV ဗိုင်းရပ်စ်သတိပေးဆိုင်းဘုတ်အတွက် ဓာတ်ပုံရိုက်ခံခဲ့ရတဲ့ ကလေးငယ် ရိုင်ယန်ဝှိုက်နဲ့တွေ့ဆုံခဲ့ပြီးကတည်းက သူ့ဘ၀ ပြောင်းလဲသွားခဲ့တယ်လို့ အယ်လ်တန်ဂျွန်က ပြောပါတယ်။ ၁၉၉၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ အယ်လ်တန်ဂျွန်ရဲ့ AIDS ဖောင်ဒေးရှင်းဟာ HIV၊ AIDS နဲ့ စပ်လျဉ်းတဲ့ စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိအောင် ရှာဖွေနိုင်ခဲ့ပါတယ်။
Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top