တခြားသူတွေနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်ပြီး အားငယ်နေမယ့်အစား ပျော်ပျော်ရွှင်ရွှင်အသက်ရှင်ပါ

9bddb9a3a918f3726abeb2dda45e888cdb1d8597fcd1e023b4c84ee783adf.jpg

တစ်ခါတုန်းက တောထဲမှာနေတဲ့ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝသူကျေနပ်ရင်း ပျော်ပျော်ရွှင်ရွှင်အသက်ရှင်နေခဲ့ပါတယ်။ တစ်နေ့မှာ သူက ငန်း တစ်ကောင်ကို တွေ့ပါလေရော။ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ငန်းသာဆိုရင်တော့ ဒီကမ္ဘာမှာ အပျော်ရွှင်ရဆုံးငှက် ဖြစ်နေမှာပဲလို့ ကျီးကန်းက ထင်လိုက်ပြီး ငန်းကို သွားမေးခဲ့တာပေါ့။ ငန်းက သူ့အနေနဲ့ ကြက်တူရွေးကို မတွေ့ခင်အထိတော့ သူ့ကိုယ်သူအပျော်ရွှင်ရဆုံးငှက်လို့ ထင်နေခဲ့တာ၊ ကြက်တူရွေးက အရောင်နှစ်ရောင်လောက်စပ်ထားတဲ့အတွက် သူကသာ အပျော်ဆုံးငှက်ဖြစ်နေမှာပဲလို့ ဖြေလိုက်ပါတယ်။

အဲ့ဒါနဲ့ ကျီးကန်းကတည်း ကြက်တူရွေးဆီကို ချဉ်းကပ်သွားပြီး အပျော်ရွှင်ဆုံးငှက်အဖြစ်ခံစားရလားလို့ ထပ်မေးပြန်ပါတယ်။ ကြက်တူရွေးက သူ့အနေနဲ့ အရောင်အသွေးစုံစုံလင်လင်နဲ့ လှနေတဲ့ဒေါင်းကို မမြင်ခင်ကတော့ အဲ့လိုတွေးခဲ့ပေမယ့် ဒေါင်းကသာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်ထင်တယ်လို့ ပြောလိုက်ပါတယ်။

ကျီးကန်းလည်း ဒေါင်းကိုတွေ့ရဖို့ တိရိစ္ဆာန်ရုံကို သွားပါလေရော။ ဟိုရောက်တော့ လူပေါင်းများစွာက ဒေါင်းကို ကြည့်နေကြတာလည်းတွေ့လိုက်ရပါသေးတယ်။ လူတွေထွက်သွားတော့မှာ ဒေါင်းက အပျော်ရွှင်ဆုံးငှက်ဖြစ်ရဲ့လားလို့ မေးလိုက်တယ်။ အဲ့ဒီအခါ ဒေါင်းက သူ့အနေနဲ့ တစ်ချိန်ကတော့ သူဟာ အရောင်အသွေးအရမ်းစုံလင်ပြီး လှပတဲ့အတွက် သူ့ကိုယ်သူ အပျော်ရွှင်ရဆုံးငှက်လို့ ထင်ခဲ့ပေမယ့် အဲ့လို လှပတဲ့ အတွက်ကြောင့်လည်း အခုလိုတိရိစ္ဆာန်ရုံမှာ လှောင်အိမ်ထဲထည့်ထားပြီး လူတွေ ဝိုင်းကြည့်တာခံရဖို့ သက်သက်ပဲဖြစ်နေရတာ။ ဒါပေမယ့် ကျီးကန်းတွေကတော့ အခုလိုလှောင်အိမ်ထဲ ထည့်ထားခြင်းမခံရဘဲ လွတ်လွတ်လပ်လပ်ပျံသန်းသွားလာနိုင်တာမို့ ကျီးကန်းတွေကသာ အပျော်ရွှင်ရဆုံး ငှက်တွေဖြစ်နေမှာပဲလို့ ဒီရက်ပိုင်းမှာ တွေးနေမိတာလို့ ပြန်ဖြေလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကနေ တဆင့်ပြောပြချင်တာကတော့ လူ့သဘာဝကိုပါ။ လူတွေက နေ့စဉ်ဘဝတွေမှာ တခြားသူတွေနဲ့ မလိုအပ်တဲ့နှိုင်းယှဉ်မှုတွေ လုပ်လေ့ရှိပြီး ကိုယ့်ဘဝကို အလိုမကျ အားငယ်နေတတ်ပါတယ်။ အဲ့ဒီလို စိတ်ဓာတ်ကျနေမယ့်အစား ကိုယ်ပိုင်ဆိုင်ထားတဲ့အတိုင်းအတာနဲ့တင် ရှင်သန်ရမယ့် ဘဝကို အကောင်းဆုံးဖြတ်သန်းနေဖို့ က ပိုပြီး အရေးကြီးပါတယ်။ ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်ရောင့်ရဲပြီး အကောင်းဆုံးနေထိုင် အသက်ရှင်နိုင်တဲ့သူကသာ ဘဝမှာ အပျော်ရွှင်ရဆုံးလူဖြစ်နေမှာအမှန်ပါပဲ။

Ref: Who is Happy? The Peacock and The Crow

Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top