Group အမျိုးအစားသတ်မှတ်ချက်မှာ အပြောင်းအလဲပြုလုပ်လိုက်တဲ့ Facebook

fbgp02.jpg

App နဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေ မကြာခဏလုပ်လေ့ရှိတဲ့ Facebook က အခုလည်း Group လုပ်ဆောင်ချက်မှာ အပြောင်းအလဲပြုလုပ်လိုက်ပါတယ်။

အဲဒီအပြောင်းအလဲကြောင့် Facebook Group အမျိုးအစားဖော်ပြမှုအတွက် အရင်ကလို Secret နဲ့ Closed စသဖြင့် မသတ်မှတ်နိုင်တော့ဘဲ Group မှာဖော်ပြသမျှကို member တွေသာမြင်ခွင့်ရှိတဲ့ “Private” နဲ့ ဘယ်သူမဆို ရှာနိုင် မြင်နိုင်တဲ့ “Public” ဆိုတဲ့ ပုံစံ (၂) မျိုးကို ပြောင်းလဲသုံးစွဲရတော့မှာပါ။ Private Groups မှာက Group ကို Search လုပ်ပြီး ရှာတဲ့အခါ တွေ့စေချင်လား၊ မတွေ့စေချင်ဘူးလားကို Admin က ရွေးချယ်သတ်မှတ်ထားလို့ရပါတယ်။

Group က အကြောင်းအရာအားလုံးကို စုစည်းထားတဲ့ ပုံစံကနေ အခုလို Posts နဲ့ Group membership သီးခြားစီ ခွဲထုတ်လိုက်တာဟာ Admin တွေအတွက် စီမံရ ပိုလွယ်သွားစေသလို member တွေအနေနဲ့လည်း အရေးကြီး အကြောင်းအရာမျိုးတွေကို ပိုပြီး လွယ်ကူစွာ သိလာနိုင်မယ်လို့ ဆိုပါတယ်။

Facebook Engineering Team ရဲ့ အကြီးအကဲဖြစ်သူ တွမ် အလီဆန်ကလည်း ကုမ္ပဏီအနေနဲ့ ပိုပြီး လုံခြုံစိတ်ချရတဲ့ လူမှုကွန်ရက် ဖြစ်လာဖို့ ရည်ရွယ်ထားတာကြောင့် Facebook ရဲ့စံနှုန်းတွေအတိုင်း မလိုက်နာတဲ့ ဖော်ပြမှု မှန်သမျှကို ဖယ်ရှားဖို့အတွက် Group Quality လို့ခေါ်တဲ့ Tool အသစ်တစ်မျိုးကို ဖန်တီးနေကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

Ref: BuzzFeeds “Facebook Is Getting Rid Of The Option To Make Groups “Secret” Or “Closed”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top