အူရီဒူးမြန်မာမှ ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းဆိုင်ရာဆုပေးပွဲဖြစ်သည့်ASIA-PACIFIC STEVIE® AWARDS 2024 တွင် SILVER STEVIE® နှင့် BRONZE STEVIE® ဆုအသီးသီး ဆွတ်ခူးရရှိခဲ့

4.5.24-yyl-13.jpg

“အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်နှင့် “ဒစ်ဂျစ်တယ် ပညာရေး အစီအစဥ်” တို့မှ လူမှုအကျိုးပြုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်နိုင်သည့် အောင်မြင်မှု တစ်ရပ်အနေဖြင့် SILVER STEVIE® ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရပါသည်။

My Ooredoo App ကို Ooredoo SuperApp အဖြစ် သုံးစွဲသူအတွေ့အကြုံ ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲတိုးမြှင့်နိုင်ခဲ့သောကြောင့် သုံးစွဲသူဝန်ဆောင်မှုပိုင်းအတွက် နည်းပညာကို ဆန်းသစ်တီထွင်အသုံးပြုနိုင်သည့်အနေဖြင့် BRONZE STEVIE® ဆုကို ဆွတ်ခူး။

အူရီဒူးမြန်မာသည် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုပေးပွဲဖြစ်သည့် Asia Pacific Stevie® Awards 2024 တွင် လူမှုအကျိုးပြုလုပ်ငန်းအစီအစဥ်များတွင် ဆန်းသစ်တီထွင်ဆောင်ရွက်ခြင်းအတွက် SILVER STEVIE® ဆုနှင့် သုံးစွဲသူ၀န်ဆောင်မှုတွင် နည်းပညာကို ဆန်းသစ်တီထွင်အသုံးပြုခြင်းအတွက် BRONZE STEVIE® ဆုတို့ကိုရရှိခဲ့ပါသည်။

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပံ့ပိုးမှုများ လိုအပ်လျက်ရှိသော လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးမြှင့်တင်ရန် ကတိကဝတ်ပြုထားသည်နှင့် အညီ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သော လူမှုအကျိုးပြုအစီအစဥ်များဖြစ်သည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်နှင့် “ဒစ်ဂျစ်တယ်ပညာရေးအစီအစဥ်” တို့ဖြင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဥ်များတွင် ဆန်းသစ်တီထွင်ဆောင်ရွက်ခြင်းအတွက် SILVER STEVIE® ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဥ်များမှတစ်ဆင့် အူရီဒူး သုံးစွဲသူများ ဖုန်းပြောတိုင်း ၁ မိနစ်လျှင် ၁ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၄,၀၀၀ ခန့်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လှူဒါန်းမှုများဖြင့် ယနေ့ချိန်အထိ ကျောင်းအခြေခံအဆောက်အအုံပေါင်း ၄၂ ခု ဆောက်လုပ်ခဲ့ပြီး ဖြစ်ကာ ကျောင်းသားကျောင်းသူပေါင်း ၃၀,၀၀၀ ကျော်အတွက် လုံခြုံကောင်းမွန်စွာ လေ့လာ သင်ယူနိုင်ရန် အကျိုးပြုလျက်ရှိပြီး ၎င်းကျောင်းသားကျောင်းသူများ၏ သင်ယူလေ့လာမှု အတွေ့အကြုံကို ထပ်မံ မြှင့်တင်‌ပေးသည့်အနေဖြင့် အဆင့်မြင့်ဒစ်ဂျစ်တယ်ပညာရေးစနစ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါသည်။

My Ooredoo App ကို ပိုမိုပြည့်စုံကောင်းမွန်သည့် လုပ်ဆောင်ချက်များ ပါဝင်သော Ooredoo SuperApp အဖြစ် ပြောင်းလဲအဆင့်မြှင့်တင်နိုင်ခဲ့ပြီးနောက် သုံးစွဲသူ၀န်ဆောင်မှုတွင် နည်းပညာကို ဆန်းသစ်တီထွင်အသုံးပြုခြင်းအတွက် BRONZE STEVIE® ဆုဖြင့် ထပ်မံအသိအမှတ်ပြု ဆုရှိခဲ့ပါသည်။ My Ooredoo App အက်ပလီကေးရှင်းတွင် အဓိကအားဖြင့် မိုဘိုင်းငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့သည့်အတွက် သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများသာမက မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ၊ eSIM ဝန်ဆောင်မှုများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ဂိမ်းများအစရှိသဖြင့် ဝန်ဆောင်မှုပေါင်းများစွာကို SuperApp တစ်နေရာတည်းတွင် ရရှိအသုံးပြုနိုင်ပြီဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Chris Peirce က “အူရီဒူးမြန်မာအနေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို ပြန်လည်အကျိုးပြုလုပ်ရန် ဆောင်ရွက်နေတဲ့အစီအစဥ်တွေနဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ပြောင်းလဲမှု အစရှိတဲ့ အဓိကနယ်ပယ်တွေမှာ ကမ္ဘာ့အသိအမှတ်ပြု စီးပွားရေးလုပ်ငန်းဆိုင်ရာ STEVIE® ဆုကြီး ၂ ဆုကို အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့အတွက် အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီအသိအမှတ်ပြုဆုတွေဟာ Ooredoo SuperApp ကနေ သုံးစွဲသူတွေ အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေါင်းများစွာကို တစ်နေရာထဲမှာရယူနိုင်အောင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်ဖန်တီးမှုတွေနဲ့ လူမှုအကျိုးပြု လုပ်ငန်းအစီအစဥ်တွေကနေ တစ်ဆင့် မြန်မာပြည်သူလူထုရဲ့ဘဝတွေကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် အစဉ်တစိုက် ပံ့ပိုးပေးမှုတွေကို ထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်။ မြန်မာလူမှုအသိုင်းအဝိုင်းကို ပံ့ပိုးမြှင့်တင်ပေးဖို့ အူရီဒူးမြန်မာရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုပေးတဲ့ လေးစားအပ်တဲ့ နိုင်ငံတကာ အကဲဖြတ်ဒိုင်တွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ဒါ့အပြင် ယခုလို နိုင်ငံတကာအသိအမှတ်ပြု ဆုကြီးတွေ ဆွတ်ခူးရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့အူရီဒူးမြန်မာ အဖွဲ့သူအဖွဲ့သားတွေနဲ့ ယုံကြည်စိတ်ချစွာ အစဥ်တစိုက်အားပေးအသုံးပြုလာကြတဲ့ အူရီဒူးသုံးစွဲသူတစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဝမ်းမြောက်စွာ ပြောကြားခဲ့ပါသည်။

Asia-Pacific Stevie® Awards ဆုပေးပွဲသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၂၉ ခု၌ လုပ်ငန်းခွင်ဆိုင်ရာ ဆန်းသစ်တီထွင်မှုကို အသိအမှတ်ပြုချီးမြှင့်သည့် တစ်ခုတည်းသော နိုင်ငံတကာ စီးပွားရေးဆုပေးပွဲ အစီအစဉ်ဖြစ်ပါသည်။ Stevie® ဆုများကို ကမ္ဘာ့အသိအမှတ်ပြု ထိပ်တန်းစီးပွားရေးဆိုင်ရာဆုများဟု သတ်မှတ်ထားပြီး The International Business Awards® ကဲ့သို့သော အစီအစဉ်များတွင် အောင်မြင်မှုများ ၂၂ နှစ်တိုင် ရရှိခဲ့ပါသည်။

‌ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် Stevie® ဆုများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် ကမ္ဘာတစ်ဝန်းရှိ အမှုဆောင် ၁၀၀ ကျော်မှ စိစစ်အကဲဖြတ်အမှတ်ပေးခဲ့သည့် ပျမ်းမျှရမှတ်များဖြင့် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top