(၈) လဆက်ကြာအောင် နေ့စဉ်အစားအစာအလှူပေးခဲ့တဲ့ Karaweik Cafe

yyl-005-1.jpg

မန္တလေးမြို့မှာဖွင့်လှစ်ထားတဲ့ Karaweik Cafe (ကရဝိက်ကဖေး) က ဇန်နဝါရီ (၁၁) ရက်နေ့ကစတင်ပြုလုပ်ခဲ့တဲ့ “ဆာလောင်နေသူများအတွက်ဝေငှခြင်းအစီအစဉ်” (Food For No Waste) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၀) ရက်နေ့မှာ (၈) လပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။

“ဆာလောင်နေသူများအတွက်ဝေငှခြင်းအစီစဉ်” (Food For No Waste) အစီအစဉ် ဆိုတာက တစ်ရက်ကို အနည်းဆုံး လူဦးရေ (၅၀) စာ အစားအစာဗူး (၅၀) ကို မနက် (၄) နာရီတိုင်း ဒါနပြုဝေငှပေးနေတဲ့အစီအစဉ်ပါ။ အခုလို (၈)လကြာတဲ့အထိ စဉ်ဆက်မပြတ် လှူဒါန်းဝေငှနိုင်ခဲ့တာဟာ Karaweik Cafe (၄) ဆိုင်မှာ အမြဲအားပေးနေကျဖောက်သည်တွေရဲ့ စဉ်ဆက်မပြတ်အားပေးမှုကြောင့်ဖြစ်တယ်လို့ Karaweik Cafe က ဆိုင်ရဲ့ Facebook စာမျက်နှာမှာ ရေး သားဖော်ပြထားပါတယ်။

ဒီအစီအစဉ်မှာ Karaweik Cafe ရဲ့ ဝေငှလှူဒါန်းခြင်းသာပါဝင်တာမဟုတ်ဘဲ အားပေးသုံး‌ဆောင်သူတွေရဲ့ ဝေငှလှူဒါန်းခြင်းပါ ပါဝင်နေကြောင်း ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ပီတိဖြစ် သာဓုခေါ်ဖွယ်ရာ မွန်မြတ်တဲ့အစီအစဉ်တစ်ခုဖြစ်တာကြောင့် စာဖတ်ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်တာပါ။

Photos: Karaweik Cafe’s FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top