ဘောလိဝုဒ်မင်းသမီးတစ်လက်မျှဝေထားတဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်း

actress.png

တာမန်နာချ် ဘာတီးယား (Tamannaah Bhatia) ဟာ သဘာဝအလှတရားရှိတဲ့ ဘောလိဝုဒ်မင်းသမီးတစ်လက်ပါ။ သူ့ရဲ့ပြီးပြည့်စုံတဲ့အသားရေနဲ့ဆံပင်ကို မိန်းကလေးတွေ အားကျနေကြရပါတယ်။ တာမန်နာချ်က သူ့ရဲ့အသားရေနဲ့ဆံပင်ကို ထိန်းသိမ်းဖို့အတွက် အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုရတာ ကြိုက်နှစ်သက်ပါတယ်။ စာဖတ်ပရိသတ်တွေကို အခုမျှဝေပေးချင်တာက သူ့ရဲ့လှပတဲ့ဆံပင်အတွက် လျှို့ဝှက်ချက်ပါပဲ။ သူ့ရဲ့ဆံသားလျှို့ဝှက်ချက်က ကြက်သွန်နီခေါင်းလိမ်းဆီပါပဲ။ အဲဒီခေါင်းလိမ်းဆီက ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပါတယ်။

တာမန်နာချ်က ကြက်သွန်နီခေါင်းလိမ်းဆီကို သူကိုယ်တိုင်ပြုလုပ်တာပါ။ တာမန်နာချ်ကိုယ်တိုင်ပြုလုပ်တဲ့ ဆံပင်ကျွတ်တာသက်သာစေနိုင်တဲ့ ကြက်သွန်နီခေါင်းလိမ်းဆီပြုလုပ်နည်းကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ကြက်သွန်နီခေါင်းလိမ်းဆီပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်နီအရည်နဲ့ အုန်းဆီပါပဲ။ ကြက်သွန်နီတစ်လုံးရဲ့အရည်နဲ့ အုန်းဆီအနည်းငယ်ကို ရောစပ်ပြီး ဆံသားမှာ လိမ်းလိုက်ပါ။ ဆံသားတွေအပေါ်ကို Cotton Pad အသုံးပြုပြီး လိမ်းပေးလို့ရပါတယ်။

တာမန်နာချ်ကတော့ ကြက်သွန်နီအဆီလိမ်းပြီး မိနစ် ၃၀ မှာ ခေါင်းလျှော်ပစ်ရမှာဖြစ်ပြီး အဲလိုမှမဟုတ်ရင် ဉီးနှောက်အေးခဲတာဖြစ်စေနိုင်ပါတယ်တဲ့။ ဒီအဆီကို ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဆံပင်ကျွတ်တာကို ရပ်တန့်ပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ကြက်သွန်နီအဆီကို ဆံသားမှာလိမ်းပြီး အချိန်အကြာကြီးမနေဘဲ ခေါင်းလျှော်ပစ်ဖို့ အထူးသတိပြုသင့်ပါတယ်။

Ref: Tamannaah Bhatia’s onion oil recipe to stop hairfall
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top