Amazonရဲ့ရှယ်ယာထိုးကျပြီးနောက် ဂျက်ဖ် ဘေးဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၃.၅ ဘီလျံ လျော့နည်းသွားခဲ့

1-8-2021-yyl-07.jpg

Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ် (Jeff Bezos) က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာကို လူတိုင်းသိထားကြပါတယ်။ အခုဆိုရင် မျှော်မှန်းထားတဲ့ဝင်ငွေထက် နည်းသွားပြီး ရှယ်ယာထိုးကျသွားခဲ့တယ်လို့ Amazon ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ဂျက်ဖ် ဘေးဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၁၃.၅ ဘီလျံထိ လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။

Bloomberg ရဲ့ထုတ်ပြန်ချက်အရ Amazonရဲ့ရောင်းအားက မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့တဲ့အတွက် ၇.၆ ရာခိုင်နှုန်းလောက် ရှယ်ယာထိုးကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မေလကတည်းက ထိုးကျနေတာတွေ့ခဲ့ရတယ်။ အဲဒါကြောင့်ပဲ ဂျက်ဖ် ဘေးဇို့စ်ရဲ့အခုနှစ်အသားတင်ဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို လျော့နည်းသွားစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဂျက်ဖ် ဘေးဇို့စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတုန်းပါပဲ။

အခုလို ရှယ်ယာထိုးကျမှု ရဲ့အကြောင်းအရင်းကို GuideStone Capital Managementရဲ့ဉက္ကဌ ဒေးဗစ် စပီကာ (David Spika) ရှင်းပြတာကတော့ “ကျွန်တော်တို့ ရောက်ချင်တဲ့ ရှယ်ယာတန်ဖိုးရောက်တဲ့အချိန်မှာ ပရော်ဖက်ရှင်နယ်ကျတဲ့ရင်းနှီးမြှုပ်နှံသူတွေက အဲဒါကို ရောင်းချဖို့အတွက် အကြောင်းအရင်းရှာနေကြတာပါ။ Delta မျိုးကွဲကြောင့်ဖြစ်နိုင်ပါတယ်။ တရုတ်ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါက ကိစ္စမရှိပါဘူး။ ရှယ်ယာတန်ဖိုးများလာပြီး ရှယ်ယာကို ကိုင်မထားချင်တဲ့အတွက်ကြောင့် သူတို့က ရောင်းချဖို့ အကြောင်းအရင်းရှာနေကြတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ဂျက်ဖ် ဘေးဇို့စ်ကို ၂၀၂၆ခုနှစ်အတွင်း ကမ္ဘာ့ပထမဆုံးထရီလျံနာဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။ သူ့ကို စီးပွားရေးဆော်ဝဲနှိုင်းယှဉ်ရေးဆိုက်တစ်ခုဖြစ်တဲ့ Comparisunက လေ့လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေရဲ့နှစ်စဉ်ကြွယ်ဝချမ်းသာမှုနှုန်းကို တွက်ချက်လေ့လာပြီးတော့ ဂျက်ဖ် ဘေးဇို့စ်ကို ကမ္ဘာ့ပထမဆုံးထရီလျံနာဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။

ဂျက်ဖ် ဘေးဇို့စ်ဟာ ဇူလိုင်လအစောပိုင်းက သူ့ရဲ့ပထမဆုံးအာကာသပျံသန်းမှုအပြီးမှာတော့ သူ့ရဲ့အာကာသကုမ္ပဏီ Blue Origin ကို ပိုပြီး အာရုံစိုက်ဖြစ်နေပါတယ်။

Ref: Ladbible “Jeff Bezos’ Fortune Drops By $13.5 Billion After Huge Dip”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top