ပြင်သစ်သမ္မတ မက်ခရွန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရလို့ သူနဲ့ထိတွေ့ခဲ့တဲ့ ဥရောပခေါင်းဆောင်တွေ သီးသန့်ခွဲခြားနေထိုင်

17-12-2020-yyl37.jpg

ပြင်သစ်သမ္မတ မက်ခရွန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာတော့ ဥရောပနိုင်ငံတွေရဲ့ ခေါင်းဆောင်တော်တော်များများ သီးသန့်ခွဲခြား နေထိုင်လျက်ရှိပါတယ်။ အသက် ၄၂ နှစ်ရှိတဲ့ မက်ခရွန်ဟာ အိမ်ကနေ ရုံးမတက်ဘဲ အလုပ်လုပ်မှာဖြစ်ပြီး ၇ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်မယ်လို့ အီလိုက်ဆေးနန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

မက်ခရွန်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်း ဥရောပထိပ်သီးအစည်းအဝေးအပါအဝင် ပွဲလမ်းအခမ်းအနား တော်တော်များများကို တက်ရောက်ခဲ့သူပါ။ မက်ခရွန်မှာ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီးနောက်မှာတော့ စပိန်ဝန်ကြီးချုပ် အပါအဝင် ဥရောပခေါင်းဆောင် တော်တော်များများက သီးသန့်ခွဲခြားနေထိုင်မယ်လို့ ထုတ်ပြောထားပါတယ်။ မက်ခရွန်ရဲ့ဇနီးကလည်း သီးသန့်ခွဲခြားနေထိုင်နေပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာပြခြင်းမရှိပါဘူး။ မက်ခရွန်ကို ရောဂါ ဘယ်လိုကူးခဲ့လဲဆိုတာ မသိရသေးပါဘူး။ မကြာခင်က သူနဲ့ ထိတွေ့မိခဲ့သူတွေကိုတော့ ခွဲခြားဖော်ထုတ်နေတယ်လို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

မက်ခရွန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သလို ပြီးခဲ့တဲ့ တနင်္လာနေ့က OECD (Organisation for Economic Co-operation and Development) အဖွဲ့ဝင်တွေ၊ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြင်သစ်လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Ref: BBC ” Emmanuel Macron: Positive test prompts European leaders to self-isolate”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top