ဆောင်းရာသီမှာ အရိုးအဆစ်ကိုက်ခဲနာကျင်တာတွေမဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

17-12-2020-yyl34.jpg

ဆောင်းရာသီရဲ့အအေးဓာတ်ကို တဖြည်းဖြည်းနဲ့ ကြုံတွေ့နေရပါပြီ။ လူအမျိုးစုအတွက် ဆောင်းရာသီက ရာသီအပြောင်းအလဲလည်းဖြစ်တဲ့အပြင် အအေးဓာတ်က အဆစ်အမြစ်နာကျင်တာကို ခံစားရစေတာကြောင့်၊ အရိုးကျန်းမာရေးအတွက် ဂရုစိုက်ရတာကြောင့် နည်းနည်းအခက်အခဲဖြစ်စေတဲ့ ရာသီပါပဲ။ ဆောင်းရာသီမှာ ခါတိုင်းထက်ပိုပြီး အရိုးအဆစ်နာကျင်တာနဲ့ပတ်သက်ပြီး အသက်အရွယ်ကြီးရင့်တဲ့လူတော်တော်များများနဲ့ ကျန်းမာရေးမကောင်းတာသူတွေက ငြီးတွားမိကြပါတယ်။ လေဖက်နာရောဂါ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲတဲ့ရောဂါရှိတဲ့သူတွေကလည်း ဆောင်းရာသီမှာ ပိုပြီး အဆစ်အမြစ်တွေ နာကျင်ရတာကို ကြုံတွေ့ရပါတယ်။

ဆောင်းရာသီမှာ အဆစ်အမြစ်နဲ့အရိုးတွေ ဘာလို့နာကျင်ရတာလဲဆိုတာကို ရှင်းပြဖို့အတွက် အကြောင်းအရင်းများစွာရှိပါတယ်။ အဖြစ်နိုင်ဆုံးတစ်ခုကတော့ ဆောင်းတွင်းမှာ အပူချိန်လျော့နည်းသွားတာနဲ့ ဆက်စပ်ပါတယ်။ လေဖိအားအပြောင်းအလဲဖြစ်သွားတဲ့အတွက် အဆစ်အမြစ်တွေနဲ့အကြောတွေမှာ ဖိအားများလာပြီး ရှိနေပြီးသားနာကျင်မှုကို ပိုတိုးလာစေတာဖြစ်ပါတယ်။ အပူချိန်လျော့ကျသွားတာကလည်း အရိုးအဆစ်တွင်းက အရည်တွေကို ပျစ်လာစေပြီး ထုံကျင်တာတွေဖြစ်လာစေပါတယ်။ အေးမြတဲ့အပူချိန်က နာကျင်မှုခုခံအားစနစ်ကိုအထိခိုက်မခံနိုင်အောင်ဖြစ်စေပြီး လူတွေကို အရိုးအဆစ်တွေ ပိုပြီးနာကျင်လာစေပါတယ်။

နောက်တစ်ချက်ကတော့ ဆောင်းရာသီမှာဆိုရင် လူအများစုက ကိုယ်လက်လှုပ်ရှားမှုအားနည်းကြတာပါပဲ။ အခုလိုလှုပ်ရှားမှုနည်းတာက အရိုးအဆစ်တွေကို ထုံကျင်၊ နာကျင်လာစေနိုင်ပါတယ်။

ဆောင်းရာသီမှာ အရိုးအဆစ်ကျန်းမာရေးအတွက် နည်းလမ်းများ

အအေးဓာတ်ကြောင့် အရိုးအဆစ်နာကျင်မှုနည်းအောင်၊ ကျန်းမာသန်စွမ်းအောင် ဂရုစိုက်ပေးလို့ရတဲ့နည်းလမ်းတချို့ရှိပါတယ်။

ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိအောင်နေပါ။ ကိုယ်လက်လှုပ်ရှားမှုရှိအောင်နေတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး သင့်ကို အအေးဓာတ်ခံနိုင်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကလည်း အရိုးအဆစ်၊ ကြွက်သားကျန်းမာရေးအတွက် အကူအညီဖြစ်စေပြီး အရိုးအဆစ်ထုံကျင်နာကျင်တာကိုလည်း လျော့ချပေးပါတယ်။

အဆစ်အမြစ်အတွက် လွယ်ကူပြီး အရိုးကို ဖိအားမပေးတဲ့ လေ့ကျင့်ခန်းကို ရွေးချယ်လုပ်ပေးပါ။ အကြာ့လျော့လေ့ကျင့်ခန်းကလည်း အဆစ်အမြစ်နာကျင်တာတွေကို သက်သာအောင် ကူညီပေးပါတယ်။

လုံလောက်တဲ့ကယ်စီယံဓာတ်ပမာဏနဲ့ ဗီတာမင်ဒီဓာတ်တွေကို ထောက်ပံ့ပေးတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားသုံးပေးပါ။ နို့ထွက်ပစ္စည်း၊ အယ်မွန်၊ ပဲပိစပ်တွေက ကယ်စီယံဓာတ်ကို ထောက်ပံ့ပေးပါတယ်။ နို့ထွက်ပစ္စည်းကနေ ဗီတာမင်ဒီဓာတ်ကိုလည်း ရရှိနိုင်ပါတယ်။
အအေးဒဏ်ခံနိုင်အောင် အဝတ်စားကိုလည်း နွေးနွေးထွေးထွေးဝတ်ဆင်ပါ။ အပူကလည်း ကြွက်သားတွေကို ဖြေလျော့အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် နာကျင်တဲ့အရိုးအဆစ်မြစ်တွေပေါ်မှာ အပူအိတ်ကပ်ပေးလို့ရပါတယ်။

ကောင်းကောင်းအိပ်စက်အနားယူပါ။ ဆောင်းရာသီမှာဆိုရင် လူက အားနည်းသလို နုံးတုံးတုံးကြီးဖြစ်နေသလိုခံစားကြရပါတယ်။ ညဘက် ကောင်းကောင်းမအိပ်စက်ရင် ဒီထက်ပိုဆိုးရွားနိုင်ပြီး အရိုးအဆစ်တွေမှာ နာကျင်မှုတွေဖြစ်လာနိုင်ပါတယ်။

အရိုးအဆစ်နာကျင်မှုက (၁) ပတ်လောက်ထိ ဆက်ပြီးဆိုးရွားနေတယ်ဆိုရင်၊ အဆစ်အမြစ်နာကျင်တတ်တဲ့သူတွေမှာ အရိုးအဆစ်လက္ခဏာအသစ်တွေခံစားရရင် ချက်ချင်းပဲ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူသင့်ပါတယ်။

Ref: How to keep your bones healthy and strong in the winters
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top