လွန်ခဲ့တဲ့ နှစ် ၆၀ က ကြိုက်ခဲ့ဖူးတဲ့ အမျိုးသမီးထံမှ ပို့စ်ကတ်ရတာကို ဒေါသထွက်ပြီး ဇနီးက ခင်ပွန်းကို သတ်ဖို့ ကြိုးပမ်းခဲ့

8.2.24-yyl-6.jpg

လွန်ခဲ့တဲ့ နှစ် ၆၀ က ချစ်ကြိုက်ခဲ့ဖူးတဲ့ အမျိုးသမီးထံမှ ပို့စ်ကတ်ရတဲ့ကိစ္စကို အကြောင်းပြုပြီး အသက် ၇၁ နှစ်အရွယ် အမေရိကန်အမျိုးသမီးက သူ့ယောကျာ်းကို ဒေါသတကြီး တိုက်ခိုက်ခဲ့ပြီး သတ်ဖို့အထိ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဘာသာယယ်လ်တာရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက တူရကီအမျိုးသမီးတစ်ဦးနဲ့ ချစ်သူ ဖြစ်ခဲ့ဖူးပါတယ်။

တူရကီအမျိုးသမီးထံမှ ပို့စ်ကတ် ရပြီးတဲ့နောက် သူကလည်း ပို့စ်ကတ် ပြန်ပေးခဲ့တယ်လို့ ခင်ပွန်းဖြစ်သူက ဝန်ခံခဲ့ပြီးနောက်မှာ ဘာသာယယ်လ်တာက သူ့ခင်ပွန်းကို ဒေါသတကြီး တိုက်ခိုက်ခဲ့သလို ခေါင်းအုံးနဲ့ ဖိသတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အားအင်ချိနဲ့ပြီး တုန်တုန်ရီရီ ဖြစ်နေတဲ့ အမျိုးသားဟာ လက်မောင်းနှစ်ဖက်လုံးနဲ့ ဝမ်းဗိုက်မှာ စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး အကိုက်ခံထားရတဲ့ ဒဏ်ရာတွေကလည်း သွေးထွက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူ ဘာသာယယ်လ်တာဟာ အသက် ၆၅ နှစ်နဲ့အထက် အရွယ်ရှိသူကို ရိုက်နှက်မှု၊ လူသတ်ဖို့ ကြိုးပမ်းမှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ခင်ပွန်းဟာ ဒဏ်ရာတွေ ပြန်လည်သက်သာလာပြီး ဘာသာယယ်လ်တာကို ထောင်ထဲကနေ ထုတ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ခေါင်းအုံးနဲ့ ဖိသတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သူ့ရဲ့ထွက်ဆိုချက်ကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဖုန်းဗီဒီယိုမှတ်တမ်းကိုကြည့်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

Ref:Woman Allegedly Tries to Kill Husband Over Postcard from Woman He Dated 60 Years Ago

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top