ဒီကနေ့ မြန်မာစံတော်ချိန် (၁၂) ခွဲဝန်းကျင်လောက်က Gmailမှာ mail ပို့တာနဲ့ File တွဲပြီးပို့တာတွေလုပ်လို့မရဘူးဆိုတဲ့ အသုံးပြုသူတွေရဲ့သတင်းပို့ချက်တွေ များလာနေပါတယ်။ အဲဒီလို Gmail ချွတ်ယွင်းတဲ့ပြဿနာဟာ အိန္ဒိယနိုင်ငံက လူတွေအတွက်သာမက သြစတြေးလျနိုင်ငံ၊ ဂျပန်နဲ့ ကမ္ဘာတစ်ဝှမ်းက အခြားနေရာတွေမှာပါ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/08/20-8-2020-yyl-028.jpg)
Google Drive မှာလည်း Fileတွေ မျှဝေတာ၊ ဒေါင်းလုတ်လုပ်တာတွေ မရဘူးလို့လည်း Business Insider က ဆိုပါတယ်။ Google နဲ့အခြားအင်ဂျင်နီယာအဖွဲ့က ဒီပြဿနာနဲ့ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊ Googleရဲ့ပေ့ချ်မှာလည်း ဒီပြဿနာကို အတည်ပြုထားကြောင်း သတင်းတွေအရ သိရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/08/20-8-2020-yyl-029.jpg)
အခုလိုမျိုး Gmail ပြဿနာဖြစ်တာက နှစ်လအတွင်းမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဇူလိုင်လကလည်း အသုံးပြုသူတွေက သူတို့ရဲ့Gmail အကောင့်ထဲ ဝင်လို့မရတဲ့ ပြဿနာတွေကြုံတွေ့ခဲ့ရပါတယ်။ Gmail ချွတ်ယွင်းသွားတဲ့အတွက် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း Google က ထုတ်ပြန်ခဲ့ပေမယ့် ဘာကြောင့် ဒီလိုပြဿနာမျိုးကြုံရတယ်ဆိုတဲ့ ရှင်းပြချက်ကိုတော့ မထုတ်ပြန်ခဲ့ဘူးလို့ သိရပါတယ်။
Ref: Gmail down — users report being unable to send emails and attach files
WL (ရိုးရာလေး)