မသန်စွမ်းကလေးတွေအတွက် သူတို့နဲ့ပုံစံတူအရုပ်တွေ ဖန်တီးပေးနေသူ

15-5-2020-yyl-036.jpg

ကလေးဘဝတုန်းကဆိုရင် အရုပ်ဆိုတာ ကလေးတွေအတွက် မရှိမဖြစ်ပါပဲ။ ကလေးတော်တော်များများက အရုပ်ကလေးတွေနဲ့အဖော်ပြုကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ တမူးထူးခြားကြပါတယ်။ အမ်မီဂျန်ဒရစ်ဆီဗစ်ဆိုသူအမျိုးသမီးကလည်း အရုပ်လေးတွေနဲ့ ကလေးတွေကို ကိုယ့်ကိုယ်ကို ကွဲပြားခြားနားတယ်လို့ မခံစားရအောင်ကူညီပေးနေတာပါ။ သူက မသန်စွမ်းကလေးတွေအတွက် သူတို့နဲ့ ပုံစံတူတဲ့အရုပ်ကလေးတွေကို ဖန်တီးပေးနေတဲ့သူလည်းဖြစ်ပါတယ်။ သူတို့လေးတွေ ဘယ်လိုခန္ဓာကိုယ်အချိုးအစား၊ဘယ်လိုပုံစံမျိုးပဲ ရှိရှိ အမ်မီက အရုပ်တွေကို သူတို့လေးတွေနဲ့တူအောင် ဖန်တီးပေးနိုင်ပါတယ်။

အမ်မီက “A Doll Like Me” ဆိုတဲ့ပရောဂျက်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုဆိုရင် သူက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးတွေကို သူ့ရဲ့အရုပ်ကလေးတွေနဲ့ ပျော်ရွှင်မှုတွေပေးစွမ်းနေပါပြီ။ သူ့ရဲ့ပရောဂျက်ကို လူအများကလည်း ထောက်ခံပေးကြသလို လူအများဆီကနေ ချစ်ခြင်းမေတ္တာတွေလည်းရကြပါတယ်။ အမ်မီက အကျိုးအမြတ်မယူဘဲ မသန်စွမ်းကလေးတွေအတွက် ပုံစံတူအရုပ်တွေကို ချုပ်လုပ်နေတာပါ။ ကလေးတိုင်းက သူချုပ်လုပ်ပေးတဲ့အရုပ်တွေကို ကြည့်ပြီး ချစ်ခြင်းမေတ္တာတွေခံစားနိုင်စေတဲ့အပြင် သူတို့လေးတွေကို ယုံကြည်ချက်လည်းရှိလာစေပါတယ်။

အမ်မီ ပထမဆုံးချုပ်လုပ်ခဲ့တဲ့အရုပ်က လွန်ခဲ့တဲ့ (၅) နှစ်ဝန်းကျင်က ဖြစ်ပါတယ်။ သူ့သူငယ်ချင်းရဲ့သမီးအတွက် ပုံစံတူအရုပ်ကလေးလုပ်ပေးတဲ့အချိန်ပါပဲ။ သူ့သူငယ်ချင်းက အရုပ်ကလေးကို အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာ လူတွေက သူတို့ကလေးတွေအတွက်လည်း လုပ်ပေးပါလို့ တောင်းဆိုခဲ့ကြပါတယ်။ “ကလေးတွေကို မင်းတို့ပုံစံနဲ့မင်းတို့ ပြီးပြည့်စုံပါတယ်။ အဲဒီနည်းနဲ့ မိမိကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ ပြောပြရတာ ခက်ခဲပါတယ်။ ကျွန်မတို့တွေ ဇာတ်အိမ်ကို ပြောင်းလဲပစ်ရတော့မယ်” လို့အမ်မီကပြောပါတယ်။ အမ်မီက သူချုပ်လုပ်တဲ့အရုပ်တစ်ခုချင်းစီတိုင်းကို သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အလေးအနက်ထားပြီး ဖန်တီးခဲ့တာပါ။

အမ်မီကလည်း အိမ်မှာပဲနေတဲ့ မိခင်တစ်ယောက်ဖြစ်တဲ့အတွက် အရုပ်တွေကို သူ့ရဲ့ဧည့်ခန်းမှာပဲ ချုပ်လုပ်ခဲ့တာပါ။ အရင်က သူဟာ ကင်ဆာရောဂါဆိုင်ရာကလေးအထူးကုဖြစ်ခဲ့ပြီး အဲဒီလူမှုဝန်ထမ်းအလုပ်နဲ့ အရုပ်ချုပ်တဲ့အတတ်ပညာတို့ပေါင်းစပ်ခဲ့ပြီး A Doll Like Me ပရောဂျက်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပရောဂျက်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေကို အပြောင်းအလဲတစ်ခုဖြစ်အောင် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ အမ်မီက မျှော်လင့်နေပါတယ်။

Ref: This Woman Is Creating Look-Alike Dolls For Kids With Disabilities And It’s Touching Everyone’s Hearts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top