မွေးကင်းစကလေးငယ်ရဲ့ ဦးနှောက်အတွင်း ကပ်ပါးပိုးတွေ့ရှိ

170706192435-trichinella-super-169.jpg

များသောအားဖြင့် ခရု၊ ပက်ကျိနဲ့ ကြွက်တွေဟာ ရောဂါပိုးအဓိက သယ်ဆောင်သူတွေလို့ သတ်မှတ်ကြပါတယ်။ အထူးသဖြင့် ကြွက်တွေရဲ့ ခန္ဓာကိုယ်ပေါ်က ကပ်ပါးပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါမျိုးတွေပေါ့။ Rat lungworm disease လို့ သိကြပါတယ်။ ဒီကပ်ပါးပိုးဟာ ကြွက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အချိန်ကြာမြင့်အောင် ကောင်းကောင်း ရှင်သန်နိုင်ကြပါတယ်။ ဟာဝိုင်ယီမှ ကလေးငယ်တစ်ဦးဟာ ဖျားနာလို့ ဆေးရုံပြတာမှတဆင့် ဒီရောဂါပိုး ဦးနှောက်အတွင်း ရှိနေကြောင်း စပ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဖြစ်နိုင်ချေများတာက ခရုတွေ သို့မဟုတ် ကြွက်တွေက ကူးတာမျိုး ဖြစ်နိုင်ပါတယ်။ ကပ်ပါးပိုးဟာ ဦးနှောက်ထဲအထိ ဝင်သွားတာဖြစ်ပါတယ်။

“ဒါက မမျှော်လင့်တဲ့တိုက်ဆိုင်မှု တစ်ခုပါ။ ဒါကရှားပါးပါတယ်။ ​ဒီကလေးငယ်ကို အခု သေချာ ဂရုတစိုက် ကုသပေးနေပါတယ်။” လို့ ဟာဝိုင်ယီ ကျွန်းစုက ကျန်းမာရေးမှူး အာရွန်အူနို (Aaron Ueno)က ပြောပါတယ်။ ဒီရောဂါပိုးက တစ်ယောက်နဲ့ တစ်ယောက်ကြား မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် အစားအသောက်ကနေတစ်ဆင့် (ကပ်ပါးပိုးရှိတဲ့အကောင်ကို စားမိတာမျိုး)၊ သေချာကျက်အောင် မချက်ပဲစားမိတာမျိုး တို့ဆိုရင်တော့ ရောဂါပိုး ဝင်ရောက်တတ်ပါတယ်။ ရောဂါလက္ခဏာ တွေကတော့ လည်ပင်းနဲ့ဦးခေါင်းတစ်ဝိုက် နာကျင်ကိုက်ခဲခြင်း၊ ကျောရိုးမကြီး နာကျင်ခြင်း၊ ဖျားလွယ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဖျားတဲ့အခါမှာ ကြာရှည် ဖျားနာခြင်းဖြစ်တတ်ပြီး နှစ်ပတ်ကနေ နှစ်လအထိ ကြာတတ်ပါတယ်။ ကပ်ပါးပိုးဟာ တစ်ရက်ကနေ ခြောက်ပတ်ကာလအတွင်း နောက်ထပ် ဥတွေ ထပ်ပွားနေနိုင်ပါတယ်။

ဒါကြောင့် ဟာဝိုင်ယီကျွန်းစု အတွင်းမှာ အိမ်အတွင်း ကြွက်တွေ မပုန်းခိုနိုင်အောင် သေချာရှင်းလင်းဖို့၊ အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို မစားခင် ရေသေချာဆေးကြောပြီး ကျက်အောင် ချက်စားကြဖို့ တိုက်တွန်းထားပါတယ်။ အသီးအနှံတွေမှာ ခရုတွေ ရောပါနေနိုင်တာကြောင့် သေချာ ရှာဖွယ်ဖယ်ရှားဖို့ အသိပေးထားပါတယ်။ ဒီရောဂါပိုး ကူးစက်ခံရမှုဟာ နိုင်ငံပေါင်း ၃၀ကျော်မှာ လူနာ ၂၈၀၀ကျော် ကူးစက်ခံထားရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရသူ ဂျန်းနစ်အိုခုဘူ (Janice Okubu) ကတော့ ဒီနှစ်ထဲမှာတော့ ဟာဝိုင်ယီက အမေရိကန်မှာ ကပ်ပါးပိုး တွေ့ရှိမှု အများဆုံးလို့ ဆိုပါတယ်။ ဒီရောဂါပိုးပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ အစိုးရက ငွေအားလူအား စိုက်ထုတ်ပြီး အသိပညာပေးတာတွေ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးတာတွေ ပြုလုပ်လျက် ရှိပါတယ်။

Ref: CNN: Infant hospitalized for rare brain parasite in Hawaii

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top