Samsung ရဲ့ Galaxy Note 8 စမတ်ဖုန်းသစ် Pre-order ရောင်းချပွဲ

02.jpg

Samsung ရဲ့ နောက်ဆုံးပေါ်နည်းပညာမြင့် Galaxy Note8 စမတ်ဖုန်းသစ်ကို ကြိုတင်မှာယူထားတဲ့ Samsung ချစ်သူ သုံးစွဲသူတွေဟာ မှာယူထားတဲ့  ဖုန်းတွေကို  စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေမှာ ရန်ကုန်မြို့ St. John City Mall နဲ့ မန္တလေးမြို့က SkyWalk Shopping Mall တို့မှာ လာရောက်ထုတ်ယူခဲ့ကြပါတယ်။

ကြိုတင်မှာယူသူတွေအားလုံးကို Samsung Myanmar က ကျပ်တစ်သိန်းဖိုးတန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Samsung Galaxy Note 8 ကြိုတင်မှာယူသူများ ပစ္စည်းထုတ်ယူရန်စောင့်ဆိုင်းနေစဉ်

 

Samsung Galaxy Note 8 ကြိုတင်မှာယူသူများမှ ပစ္စည်းလာရောက်ထုတ်ယူစဉ်

 

Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပထမဆုံးလာရောက်တန်းစီသူ ၅ ဦးမှ ၁ ဦးအား အမှတ်တရလက်ဆောင်များပေးအပ်စဉ်

 

Samsung Galaxy Note 8 ကြိုတင်မှာယူသူများ ပစ္စည်းထုတ်ယူရန်စောင့်ဆိုင်းနေစဉ်

 

Samsung Galaxy Note 8 ကြိုတင်မှာယူသူများမှ ပထမဦးဆုံးလာရောက်တန်းစီသူ ၅ ဦး

Samsung Myanmar ဟာ Galaxy Note 8 စမတ်ဖုန်းသစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ မှာ စတင်မိတ်ဆက်ခဲ့တာပါ။ ဖုန်းအရောင်အနေနဲ့ကတော့ အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နဲ့ မီးခိုးရောင် (Orchid Gray) ဆိုပြီး အရောင် ၃ မျိုးထွက်ရှိထားပြီး ဈေးနှုန်းကတော့ မြန်မာငွေ ၁၂ သိန်း ၇သောင်း ၅ ထောင် ကျသင့်တယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top