လည်ပင်းနာခြင်းကို အလျင်အမြန်ပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

boyun-ağrısı-nasıl-geçer-1.jpg

မကြာခဏ လည်ပင်းနာတတ်ပါသလား။ လည်ပင်းနာနေရင် အိပ်ရာထတဲ့အခါ ဘယ်လောက် နာကျင်လည်းဆိုတာ လူတိုင်းသိကြပါတယ်။ လည်ပင်းအရမ်းနာနေရင် ခေါင်းတောင် လှုပ်ဖို့ မဖြစ်နိုင်ပါဘူး။ လည်ပင်းနာတာနဲ့ ထုံကျဉ်တာ၊ ခေါင်းကိုက်တာ၊ အစားအစာတဲ့အခါ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ မကြာခဏ လည်ပင်းနာခြင်းက အိပ်စက်တဲ့အနေအထားမမှန်တာ၊ စိတ်ဖိစီးတာတွေကြောင့် အဖြစ်များပါတယ်။ အဲဒီလိုလည်ပင်းနာတာတွေ ဖြစ်လာပြီဆိုရင် သိသိသာသာသက်သာသွားစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

လည်ပင်းကို ဖြည်းဖြည်းသာသာလေး အညောင်းဆန့်ပေးပါ

လည်ပင်း အရမ်းနာနာနဲ့ အိပ်ရာနိုးထလာမယ်ဆိုရင် သင် လုပ်ဖို့လိုအပ်တဲ့ ပထမဆုံးအရာက ဖြည်းဖြည်းသာသာလေး ဆန့်ပေးဖို့ပါပဲ။ ခေါင်းကို ညင်ညင်သာသာလေး ရွေ့ပေးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး နီမြန်းနာကျင်တာကို လျော့ချပေးပါတယ်။ ခေါင်းကို ဘေးတစ်ဖက်တစ်ချက် လှည့်ပေးတာ (ဒါမှမဟုတ်) ဖြည်းဖြည်းသာသာလေး ခေါင်းညိမ့်ပေးတာတွေ လုပ်ပေးလို့ရပါတယ်။

ရေနွေးအိတ် (သို့) ရေခဲအိတ်ကပ်ပေးပါ

လည်ပင်းကို ရေနွေးအိတ် (သို့) ရေခဲအိတ်ကပ်ပေးတာကလည်း လည်ပင်းနာခြင်းကို အလျင်အမြန်သက်သာသွားစေနိုင်ပါတယ်။ ရေနွေးအိတ်ကပ်တာက သင့်ကြွက်သားတွေကို ပြေလျော့စေသလို လည်ပင်းက သွေးစီးဆင်းမှုကိုလည်း တိုးလာစေပါတယ်။ ရေနွေးအိတ် (သို့) ရေခဲအိတ်ကို (၁၀) မိနစ်လောက် ကပ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။

ပန်းသီးအရက်ရှာလကာရည်ကို လိမ်းပေးပါ

ပန်းသီးအရက်ရှာလကာရည်က လည်ပင်းနာတာကို ကုသပေးနိုင်တဲ့ အစွမ်းထက်အိမ်တွင်းနည်းလမ်းတစ်ခုပါပဲ။ ပန်းသီးအရက်ရှာလကာရည်ကို တစ်ရှုး (သို့) လက်ကိုင်ပုဝါနဲ့ ယူပြီး လည်ပင်းမှာ ကပ်ထားလိုက်ပါ။ တစ်နာရီလောက် ကပ်ပေးခြင်းအားဖြင့် အနည်းဆုံး တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အခြားအချက်တွေက

မကြာခဏ သင်ဟာ လည်ပင်းနာနေရင် အိပ်စက်တဲ့အနေအထားကို ပြောင်းပေးပါ။ ပလက်လန်ပြီး အိပ်စက်မယ့်အစား ဘေးတစ်စောင်း အိပ်စက်ကြည့်ပါ။

လည်ပင်းနာတာ အချိန်ကြာတဲ့အထိ မပျောက်သေးဘူးဆိုရင် ခေါင်းအုံးပြောင်းလဲလိုက်ပါ။

လက်တော့ပ်သုံးတဲ့၊ ဖုန်းသုံးတဲ့ အချိန်တွေကို လျော့ကြည့်ပါ။ အဲဒါတွေက လည်ပင်းနာစေတဲ့အကြောင်းအရင်းတွေလည်း ဖြစ်နိုင်ပါတယ်။

Ref: TOI “Do you have a stiff neck? These home remedies will help you get rid of it super fast”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top