အားမာန်အပြည့်ဖြင့် ကွာလာလမ်ပူသို့ ရောက်ရှိလာသော အောင်လအန်ဆန်နှင့် တီရဲလ်ထန်

78656291_1716768001789663_4283045334369697792_o.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့အစည်း ONE Championship က ၂၀၁၉ ခုနှစ်အတွက် နောက်ဆုံးကျင်းပ မည့် ONE : MARK OF GREATNESS ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တွဲဆိုင်း ၁၃ ဆိုင်းပါဝင်မည့် ထိုပြိုင်ပွဲတွင် အာရှ၊ အာဖရိက၊ တောင်အမေရိက၊ မြောက် အမေရိက၊ ဥရောပ၊ သမုဒ္ဒရာပိုင်း စသည့် တိုက်ကြီးများရှိ နိုင်ငံပေါင်းစုံမှ ထိပ်တန်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် သည်။ ထိုအထဲတွင် မြန်မာနိုင်ငံတော်အလံအောက်မှ ပါဝင်ယှဉ်ပြိုင်မည့် တစ်ဦးတည်းသော မြန်မာကစားသမားက “The Dragon Leg” တီရဲလ်ထန် ပင်ဖြစ်သည်။ ချင်းတိုင်းရင်းသား တီရဲလ်ထန်သည် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသော်လည်း မွေးရပ်မြေ မြန်မာနိုင် ငံကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်နေထိုင်စဉ် ချင်းပြည်နယ် နပမ်းချန်ပီယံဆုကို ၄ ကြိမ်ရယူသော ၎င်းသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်တွင် လည်း နပမ်းအားကစားကို မစွန့်လွှတ်ဘဲ အခက်အခဲပေါင်းစုံကိုကျော်ဖြတ်ကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ New York State Championship နပမ်းပြိုင်ပွဲတွင် ပွဲ ၅၀၀ ကျော် အနိုင်ရထားသော တီရဲလ်ထန်သည် ပွဲ ၅၀ ခန့် အနိုင်ရပြီးနောက် ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားနယ်ပယ်သို့ ကူးပြောင်းရန် စီစဉ်ခဲ့သည်။ ၎င်း၏ စိတ်ကူးအိပ်မက် အကောင်အထည်ပေါ်လာရန် ကူညီပေးခဲ့သူက ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်း ပင်ဖြစ်သည်။ တီရဲလ်ထန်လိုပင် အမေရိကန်နိုင်ငံသားဖြစ်သော အောင်လအန်ဆန်သည် မြန်မာနိုင်ငံသားများ နိုင်ငံတကာတွင် အစွမ်းပြသည်ကို မြင်တွေ့ချင်လွန်းသူဖြစ်ပြီး ချင်းတိုင်းရင်းသားလေး၏ အစွမ်းအစကိုမြင်တွေ့ခဲ့သည်။

အနာဂတ်တွင် အောင်မြင်သည့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားကောင်းတစ်ယောက် ဖြစ်လာမည်ဟုယုံကြည်ကာ အောင်လ အန်ဆန်းသည် ၎င်း တတ်ကျွမ်းထားသော ပညာရပ်များကို တီရဲလ်ထန်အား သင်ကြားပေးခဲ့သလို ONE တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီခဲ့သည်။ တီရဲလ်ထန်သည် ONE ပွဲ ဦးထွက်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်တွင်ကျင်းပသော ONE: REIGN OF VALOR ပြိုင်ပွဲ၌ ကမ္ဘောဒီးယားအားကစားသမား Rin Saroth နှင့် ယှဉ်ပြိုင်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော် ကြာ မြင့်ပြီးမှ မွေးရပ်မြေတွင် ပထမဆုံးလာရောက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် တီရဲလ်ထန်အတွက် အမှတ်ရစရာအောင် ပွဲဖြစ်ခဲ့သည်။ အားကစားသမားကောင်းတစ်ဦးဖစ်လာနိုင်သည့် အရည်အသွေးများ အပြည့်ရှိနေသော တီရဲလ်ထန်ကို ညီအစ်ကို လိုသာမက ဆရာတစ်ဦးလိုပါဖြစ်နေသော အောင်လအန်ဆန်းက ၎င်းလေ့ကျင့်နေသည့် Hard Knocks 365 ကလပ်သို့ခေါ်ယူ ကာ လေ့ကျင့်စေခဲ့သည်။

အမေရိကန်တွင် နာမည်ကျော်ကလပ်တစ်ခုဖြစ်သော Hard Knocks 356 သို့ ရောက်ရှိလာပြီးနောက် တီရဲလ်ထန်၏ အရည်အသွေးများ မှာ ပိုမိုတောက်ပြောင်လာခဲ့ပြီး ၉ လနီးပါးအကြာတွင် ဒုတိယမြောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ယခုတစ်ကြိမ် ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်က တောင်ကိုရီးယားအားကစားသမား Kim “The Kid” Woon Kyoum ဖြစ်သည်။ အသက် ၃၀ အရွယ် Kim သည် အသက် ၁၉ နှစ်အရွယ် တွင် မွေထိုင်းကို စတင်လေ့လာသင်ယူကာ အပျော်တမ်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ထဲဝင်ကာ စစ်မှုထမ်း ခဲ့သေးသည်။ စစ်မှုထမ်းရသည်ကို မပျော်ပိုက်ဘဲ ကိုယ်ခံပညာသိုင်းပေါင်းစုံနယ်ပယ်ထဲတွင်သာ ကျင်လည်လိုသောကြောင့် စစ်တပ်မှ ထွက်ကာ ဂျပန်နိုင်ငံ၌ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ONE Warrior Series ပြိုင်ပွဲမှတစ်ဆင့် ONE တွင် ပထမဆုံးအကြိမ် ယှဉ် ပြိုင်ထိုးသတ်မည့် Kim သည် မွေထိုင်းကိုသာမက ဂျူဂျစ်ဆု၊ နပမ်း၊ ဂျူဒိုစသည့် ပညာရပ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်အသုံးချတတ်သူဖြစ် ရာ တီရဲလ်ထန်အတွက် ခက်ခဲမည့် ပြိုင်ဘက်ကောင်းဟု ဆိုနိုင်သည်။

ထို့အတွက်ကြောင့်လည်း ၎င်းသည် Hard Knocks 365 တွင် ဆရာများ၏ လေ့ကျင့်သင်ကြားမှုကိုခံယူကာ အောင်လအန်ဆန်၏ အနီး ကပ်လမ်းညွှန်ပြသမှုကိုပါခံယူခဲ့သည်။ အောင်လအန်ဆန်သည် မတ်လပွဲစဉ်တွင်လည်း တီရဲလ်ထန်၏ အကူလူအဖြစ်လိုက်ပါကာ ကြိုး ဝိုင်းဘေးမှ လိုအပ်ချက်များကို အော်ဟစ်ညွှန်ကြားခဲ့သလို ယခုတစ်ကြိမ်တွင်လည်း မလေးရှားသို့လိုက်ပါကာ အကူလူအဖြစ် ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် နိုဝင်ဘာ ၃၀ ရက်တွင် အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ပြီး မလေးရှားရောက် ချင်းအဖွဲ့အစည်းများနှင့် မြန်မာအသိုင်းအဝိုင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သည်။ တီရဲလ်ထန်က Rin Saroth နှင့်ပွဲကလိုမဟုတ်ဘဲ အကောင်းဆုံးထိုးသတ်ပုံကို မြင်တွေ့ရမည်ဟု ကြုံးဝါးထားသလို လက်ဝှေ့ကိုလည်း အကောင်းဆုံးလေ့ ကျင့်ပြင်ဆင်ထားသည်ဟု ဆိုသည်။

Kim နှင့် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲမှာ မိမိကိုယ်ရေးကိုယ်တာအတွက် ထိုးသတ်ခြင်းမဟုတ်ဘဲ မိသားစုကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ မိမိ တို့လူမျိုးများအား အားလုံးက အသိအမှတ်ပြုနိုင်ရေးအတွက်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော့်မိသားစုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ ကျွန်တော်တို့လူမျိုးတွေကို အားလုံးက အသိအမှတ်ပြုနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားကာ ဒီနေရာကို ရောက်ရှိလာရခြင်းဖြစ်ပါတယ်” ဟု တီရဲလ်ထန်က ရင်ဖွင့်သလို မြန်မာပရိသတ်များအနေဖြင့်လည်း ဆက်လက် အားပေးထောက်ခံရန် တိုက်တွန်းခဲ့သည်။ အောင်လအန်ဆန်ကလည်း ညီငယ်ဖြစ်သူ တီရဲလ်ထန်၏ပွဲစဉ်ကို ကြည့်ရှုရန် မစောင့်နိုင် လောက်အောင် ဖြစ်မိသည်ဟုလည်း ဆိုထားသည်။

အောင်လအန်ဆန်နှင့် တီရဲလ်ထန်တို့နှစ်ဦးစလုံးသည် အမေရိကန်နိုင်ငံသားများဖြစ်သော်လည်း မွေးရပ်မြေ မြန်မာနိုင်ငံကိုကိုယ်စားပြု ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိသည်။ ၎င်းတို့ရင်ထဲတွင်လည်း တူညီသည့် စိတ်စေတနာကောင်းများရှိကြသည်။ ထိုအရာက အခြားမ ဟုတ်ဘဲ နိုင်ပွဲများရယူကာ အမိနိုင်ငံ၏ဂုဏ်သတင်းကို ကမ္ဘာသို့ ပျံ့နှံ့စေချင်သည့် စိတ်စေတနာကောင်းများဖြစ်သည်။ Kim နှင့် ယှဉ်ပြိုင် ရမည့်တွဲဆိုင်းအတွက် ကာယကံရှင် တီရဲလ်ထန်ရော၊ အကူလူအဖြစ် လိုက်ပါဆောင်ရွက်မည့် အောင်လအန်ဆန်ပါ ယုံကြည်မှုအပြည့်ရှိ နေသည်။ မြန်မာနိုင်ငံအတွက် နိုင်ပွဲရယူနိုင်ရေး ၎င်းတို့တစ်ဖွဲ့လုံး အသေအချာ ပြင်ဆင်ထားသည်။

ကွာလာလမ်ပူသို့ ခြေချပြီးနောက် အောင်လအန်ဆန်က “ကျွန်တော်နဲ့ ကျွန်တော့်ညီငယ် တီရဲလ်တို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေ ဆိပ်ကို ရောက်ရှိပါပြီ။ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ ချင်းညီအစ်ကိုမောင်နှမတွေ ကျွန်တော်တို့ကို အားပါးတရ နွေးထွေးစွာလာရောက်ကြို ဆိုကြတဲ့အတွက် အရမ်းကျေးဇူတင်ပါတယ်” ဟု ပြောသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားအများအပြား လာရောက်အလုပ်လုပ် ကိုင်လျက်ရှိရာ တီရဲလ်ထန်၏ပွဲစဉ်ကိုလည်း လာရောက်အားပေးကြမည်က သေချာနေသည်။ အားလုံးကလည်း မြန်မာနိုင်ငံအတွက် နိုင် ပွဲဆောင်ကြဉ်းပေးနိုင်မည်ဟုလည်း ယုံကြည်ထားသည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီ၌ Skynetsport HD, SkynetSport 3 နှင့် MNTV (Free to Air) တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top