အတွေ့အကြုံသစ်ပေးစွမ်းနိုင်မည့် အရည်အသွေးမြင့် Vivo V15 နှင့် V15Pro ဖုန်းများကို Vivo ကမိတ်ဆက်

PIC-3.jpg

V15 နှင့် V15Pro စမတ်ဖုန်းအမျိုးအစားသစ်နှစ်မျိုးအား Vivo က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ V15 နှင့် V15Pro တို့သည် Vivo NEX ဖုန်းအမျိုးအစားအပြီး စမတ်ဖုန်းလောက၏ ပထမဦးဆုံးသော မြင့်တက်ပွင့်ထွက်လာသည့် အရှေ့ကင်မရာပါရှိသည့်အပြင် AI နည်းပညာကိုလည်း အဆင့်မြှင့်တင်ထားသည်။ သုံးစွဲသူအထောက်အကူပြု အသိဉာဏ်ရှိနည်းပညာ (intelligent personal assistant) နှင့် ဆွဲဆောင်မှုရှိသော မျက်နှာပြင်ပြည့်စမတ်ဖုန်းကိုလည်း ယခုဖုန်းအမျိုးအစားသစ်နှစ်ခုတွင် ထည့်သွင်းဖန်တီး ယူဆောင်လာပေးပြီဖြစ်သည်။

V15 နှင့် V15Pro တို့တွင် မြင့်တက်ပွင့်ထွက်လာသော အရှေ့မျက်နှာပြင်ကင်မရာအပြင် AI စနစ်ကင်မရာထည့်သွင်းထားခြင်းကြောင့် ကြည်လင်တောက်ပပြီး ပိုမိုကျယ်ပြန့်သော ရှုထောင့်ရှိ ဓာတ်ပုံများကို ရိုက်ယူနိုင်မည်ဖြစ်သည်။ 48 Million Quad Pixel Sensor1 ၊ 8MP AI စနစ်ရှိ အလွန်ကျယ်ပြန့်သော ကင်မရာရှုထောင့်၊ 5MP Depth ကင်မရာတို့၏ လုပ်ဆောင်ချက်များကြောင့် ဓာတ်ပုံပညာရှင်တစ်ဦးကဲ့သို့ အရည်အသွေးမြင့် ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ယူသွားနိုင်မည်ဖြစ်သည်။

5th generation လက်ဗွေစနစ်နည်းပညာကို ထည့်သွင်းထားပြီး မြင့်မားသော pixel density လက်ဗွေစနစ် နှင့် အဆင့်မြင့်မားသော algorithm ကြောင့် သုံးစွဲသူများအနေဖြင့် ပိုမိုလွယ်ကူအဆင်ပြေပြီး စိတ်ချရစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ AI စနစ်အား ပိုမိုတိုးတက်ကောင်းမွန်အောင် ဖန်တီးထားပြီး သုံးစွဲသူ၏ ဆန္ဒကို နားလည်ကာ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် အဆင့်မြင့် Jovi (သုံးစွဲသူ အထောက်အကူပြုစနစ်) ကိုလည်း ထည့်သွင်းထားသည်။

စမတ်ဖုန်း၏ ဘေးဘက်တွင်ရှိသော စမတ်ခလုတ်ကို နှိပ်ပြီး စွမ်းဆောင်ရည်မြင့် AI စနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူ၏ လိုအပ်ချက်ကို ပြန်လည်ဖြေကြားပေးနိုင်ရန် Google နှင့် လက်တွဲပူးပေါင်းဖန်တီးထားသော အသံဖြင့်ညွန်ကြားမှုလုပ်ဆောင်ချက် (voice commands) လည်းပါရှိပြီး voice commands စတင်လိုက်ခြင်းဖြင့် သုံးစွဲသူအလိုရှိသည့်အတိုင်း လွယ်ကူလျင်မြန်စွာ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

V15Pro တွင် Snapdragon 675AIE Octa-core processor ၊ 6GB RAM နှင့် 128 ROM ဖြင့် စွမ်းဆောင်ရည် အားကောင်းစေရန် ဖန်တီးထုတ်လုပ်ထားပြီး V15 စမတ်ဖုန်းကိုလည်း 2.1GHz octa-core CPU၊ 6GB RAM၊ 64GB ROM သိုလှောင်မှုတို့ဖြင့် ဖန်တီးထားသောကြောင့် အလွန်ကောင်းမွန်ချောမွေ့သည့် စွမ်းဆောင်ရည်ကို ပံ့ပိုးပေးသည်။ ၁၅ မိနစ်အတွင်း ဖုန်းဘက်ထရီအား လေးပုံတစ်ပုံတက်စေသည့် Dual-Engine Fast Charging နည်းပညာကြောင့် သုံးစွဲသူများအနေဖြင့် စမတ်ဖုန်းအား စိတ်ချလက်ချ နှင့် အချိန်မရွေးအသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် V15 Pro အား ၂၇ ရက်နေ့၊ ၂ လ၊ ၂၀၁၉ ခုနှစ် မှ ၂ ရက်နေ့၊ ၃ လ ၊၂၀၁၉ ခုနှစ်အတွင်း ကြိုတင်မှာယူနိုင်ပြီး ၃ ရက်နေ့၊ ၃လ၊ ၂၀၁၉ ခုနှစ်တွင် ပထမဆုံး ရောင်းချမှု စတင်သွားမည် ဖြစ်သည်။ V 15 အား ၂၁ ရက်နေ့၊ ၃လ၊၂၀၁၉ ခုနှစ် မှ ၂၅ ရက်နေ့၊ ၃လ၊ ၂၀၁၉ ခုနှစ်တွင် ကြိုတင်မှာယူနိုင်ပြီး ၂၆ ရက်နေ့၊ ၃ လ၊၂၀၁၉ ခုနှစ်တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။
ဝယ်ယူရရှိနိုင်သော အရောင်များမှာ V15Pro အတွက် Topaz Blue နှင့် V15 အတွက်Topaz Blue, Glamour Red တို့ ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top