Pre-Order ကာလအတွင်း မှာယူသူ အထူးမြင့်တက်ခဲ့တဲ့ Samsung Galaxy A55 | A35 5G တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်ဝယ်ယူနိုင်

1.4.24-yyl-10.jpg

Samsung Electronics ရဲ့ အဆင့်မြင့် စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Samsung Galaxy A55 | A35 5G တို့ကို မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး Pre-Order များမှာယူခွင့်ပေးခဲ့ရာမှ ယခုအခါ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ Samsung Showroom တွေ၊ အရောင်းကိုယ်စားလှယ်တွေနှင့် မိုဘိုင်း ဖုန်းဆိုင်တွေမှာ မတ်လ (၃၀) ရက်နေ့ကစပြီး ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Galaxy A55 | A35 5G မော်ဒယ်နှစ်မျိုးလုံးမှာ ကင်မရာပိုင်း၊ လုံခြုံရေးပိုင်း၊ အကြမ်းခံတာရှည်ခံမှုအပိုင်း စတာတွေကို အဆင့်မြှင့်တင်ပေးထားတဲ့အပြင် အရင်နှစ်ထွက်ရှိခဲ့တဲ့ version တွေထက် အဖက်ဖက်က သာလွန်စေဖို့ hardware ပိုင်းရော software ပိုင်းပါ အဆင့်မြှင့်တင်ပေးထားတဲ့အတွက် လူအများစိတ်ဝင်စားမှုကို ရရှိခဲ့ပြီး Pre-Order ကာလအတွင်း မှာယူသူလည်း အများအပြား ရှိခဲ့ပါတယ်။

Galaxy A55 | A35 5G တို့ကို Pre-Order ကာလမှာတင် တခဲနက် မှာယူအားပေးခဲ့ကြလို့ ကျေးဇူးအထူးတင်ပါတယ်။ အခု မော်ဒယ်သစ်တွေက အသုံးပြုသူ feedback တွေ၊ အခုခေတ် အသုံးပြုသူတွေရဲ့ အဓိက လိုအပ်ချက်တွေအပေါ် အခြေခံပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားတာဖြစ်လို့ နေ့စဥ်ဘဝမှာ အဆင်ပြေအသုံးဝင်တဲ့ ဖုန်းတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုဆိုရင် Galaxy A55 | A35 5G တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချပေးနေပြီဖြစ်ပြီးတော့ ဝယ်ယူသူတွေအတွက် မေတ္တာလက်ဆောင်တွေ၊ Trade-in အစီအစဥ်တွေနဲ့ Care+ ဝန်ဆောင်မှုတွေကိုပါ ပေးအပ်ထားလို့ နှစ်သက်ကြလိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကိုတင်မောင်ဝင်းက ပြောကြားထားပါတယ်။

အသစ်ထွက် Galaxy A55 | A35 5G တို့မှာ Nightography, Night Portrait Mode, AI Image Signal Processing (ISP), 23-bit HDR Video, Optical Image Stabilization (OIS) နဲ့ Video Image Stabilization (VDIS) စတဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်တွေကို flagship ဖုန်းတစ်လုံးနီးနီး အဆင့်မြှင့်တင်ထည့်သွင်းပေးထားတဲ့အပြင် Chipset၊ Super AMOLED Display နဲ့ built material တွေကိုလည်းကောင်း၊ Samsung Knox Vault ကဲ့သို့ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်းကောင်း အဖက်ဖက်က အဆင့်မြှင့်တင်ပေးထားလို့ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်တွေကို mid-range ဖုန်းမှာ ရရှိခံစားလိုတဲ့ အသုံးပြုသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

Galaxy A55 | A35 5G တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ Galaxy A55 5G ဝယ်ယူသူတွေအတွက် Original Clear Cover နဲ့ 25W Travel Adapter၊ Galaxy A35 5G ဝယ်ယူသူတွေအတွက် Original Card Slot Cover နဲ့ 25W Travel Adapter တို့ကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ ဝယ်ယူအားပေးသူ MPT user တွေအတွက် အထူးအစီအစဥ်အနေနဲ့ လစဥ် ဖုန်းဘေလ် ၅၀၀၀ ကျပ် ဖြည့်သွင်းလိုက်ရုံဖြင့် Sim အသစ်ဝယ်ယူသူတွေဆိုလျှင် 3GB + 100min (on-net), Sim အဟောင်းကိုင်ဆောင်သူတွေဆိုလျှင် 1.5GB + 100min (on-net) တို့ကို ဝယ်ယူသည့်အချိန်မှစ၍ ၆ လအတွင်း လစဥ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တ ဖုန်းအရှေ့ မျက်နှာပြင် ပျက်ဆီးခြင်းအတွက် ဝယ်ယူသည့်နေ့မှ ၃ လအတွင်း ဆိုပါက ၁၀၀% သက်သာခွင့် ၁ ကြိမ်၊ ဝယ်ယူသည့်နေ့မှ ၆ လအတွင်း ဆိုပါက ၅၀% သက်သာခွင့် တစ်ကြိမ် ပေးအပ်သွားမှာပါ။ မိမိလက်ရှိကိုင်ဆောင်တဲ့ ဖုန်းနဲ့ အလဲအထပ်ပြုလုပ်လိုပါကလည်း Trade-in အထူးခံစားခွင့်အနေနဲ့ လဲလှယ်လိုတဲ့ ဖုန်းတန်ဖိုးအပြင် Galaxy A55 5G အတွက် ၁၅၀,၀၀၀ ကျပ်၊ Galaxy A35 5G အတွက် ၁၀၀,၀၀၀ ကျပ် သက်သာခွင့် အသီးသီးတို့ကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Galaxy A55 5G (8/256GB) ကို ၁,၇၅၉,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Galaxy A35 5G (8/128GB) ကို ၁,၃၆၉,၀၀၀ကျပ် ဖြင့်လည်းကောင်း၊ Galaxy A35 5G (8/256GB) ကို ၁,၅၀၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ Samsung Showroom များ၊ အရောင်းကိုယ်စားလှယ်များနဲ့၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ဖုန်းအကြောင်းဖြစ်စေ၊ အကျိုးခံစားခွင့်တွေအကြောင်းဖြစ်စေ ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှ ဖြစ်စေ၊ Call Center ကိုဖြစ်စေ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top