တက္ကသိုလ်ဘွဲ့ရလူငယ်ပေါင်း (၅၀) ကျော်အား တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အခွင့်အလမ်းကောင်းများကို ပေးအပ်သွားမည့် ‘Talent Accelerator Programme’ ကို အက်တမ် (ATOM) က စတင်မိတ်ဆက်

15.5.24-yyl-8.jpg

● အက်တမ် (ATOM) သည် (၁၈) လတာကြာမြင့်မည့် ‘Talent Accelerator Programme’ အစီအစဉ်မှတစ်ဆင့် တက္ကသိုလ်ဘွဲ့ရလူငယ်များကို တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်အတွင်း အလုပ်လုပ်ကိုင်ပြီး အတွေ့အကြုံကောင်းများရရှိနိုင်မည့် အခွင့်အလမ်းများ ပေးအပ်သွားမည်ဖြစ်သည်။

● ယခုအစီအစဉ်အတွင်း တန်ဖိုးရှိသော လမ်းညွှန်သင်ကြားပြသမှုများ၊ ပြင်ပလက်တွေ့လောကတွင် လည်ပတ်နေလျက်ရှိသော ပရောဂျက်များကို အနီးကပ်လေ့လာနိုင်ခွင့်နှင့် အစီအစဉ် အောင်မြင်စွာ ပြီးမြောက်သွားပါက အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်အလုပ်လုပ်ကိုင်နိုင်ခွင့်များပါ ရရှိနိုင်မည်ဖြစ်သည်။

● အရည်အချင်းရှိသူများအား မြေတောင်မြှောက် ပံ့ပိုးပေးခြင်း၊ လူတိုင်း တန်းတူညီမျှပါဝင်နိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာ့တယ်လီကွန်းဆက်သွယ်ရေး ကဏ္ဍတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့အပေါ်ထားရှိသော အက်တမ် (ATOM) ၏ ကြိုးစားအားထုတ်မှုများကို အရင်းတည်၍ ယခု ‘Talent Accelerator Programme’ အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် တက္ကသိုလ်ဘွဲ့ရများနှင့် လူငယ်လူရွယ်ပေါင်း (၅၀) ကျော်အား သတ်မှတ်ကာလ (၁၈) လကြာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းကောင်းများကို ပေးအပ်သွားမည့် အက်တမ် (ATOM) ၏ ‘Talent Accelerator Programme’ အစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပါသည်။ ယခုအစီအစဉ်တွင် ရွေးချယ်ခံရသူများအနေဖြင့် ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသော တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်ကဏ္ဍမှာ အသက်မွေးဝမ်းကြောင်းနိုင်ရန်အတွက် လိုအပ်သည့် အဖိုးမဖြတ်နိုင်သော အသိပညာဗဟုသုတများနှင့် အတွေ့အကြုံများကို ရရှိသွားမည်ဖြစ်ပါသည်။

ယခု ‘Talent Accelerator Programme’ အစီအစဉ်သည် အရည်အချင်းရှိသူများကို မြေတောင်မြှောက်ပံ့ပိုးကူညီပေးသွားမည့် အက်တမ် (ATOM) ၏ ကတိကဝတ်ကို အကောင်းမွန်ဆုံး ထုတ်ဖော်ပြသနေသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ အက်တမ် (ATOM) ၏ “Beyond Better” ဟုဆိုသော ပိုမိုသာလွန်ကောင်းမွန်သော အတွေ့အကြုံများကို မြန်မာနိုင်ငံတွင်းရှိ အသုံးပြုသူ customer များနှင့် လူမှုအသိုင်းအဝိုင်းများထံ ပေးအပ်ချင်သည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီနိုင်မည့် လုံလောက်သော ဝန်ထမ်းအင်အား စုဆောင်းထားရင်း မျိုးဆက်သစ် ကျွမ်းကျင်ပညာရှင်များကို ယခုအစီအစဉ်မှတစ်ဆင့် မွေးထုတ်ပေးသွားမည်ဖြစ်ပါသည်။ ယခုအစီအစဉ်သည် တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်အတွင်း လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်သော လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲစိန်ခေါ်မှုများကိုလည်း တိုက်ရိုက်ဖြေရှင်းပေးသွားနိုင်မည်ဖြစ်သည်။ 5G နည်းပညာ၊ အသုံးပြုသူ customer များအတွက် လမ်းညွှန်ချက်များ၊ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းနှင့် cloud computing စသည့်နယ်ပယ်များတွင် အလေးထားဆောင်ရွက်ရင်း ယနေ့ခေတ်၏ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသော ဈေးကွက်အတွင်း လိုအပ်နေသော အသိပညာဗဟုသုတများနှင့်အရည်အချင်းများကို တက္ကသိုလ်ဘွဲ့ရလူငယ်များထံပေးအပ်ကာ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းခရီးလမ်းတစ်လျှောက် အောင်မြင်မှုများရရှိအောင် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

“ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ‘Talent Accelerator Programme’ အစီအစဉ်က မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်တဲ့အခါမှာ အရေးပါတဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှပ်နှံမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ အခုလိုဒစ်ဂျစ်တယ်ခေတ်ကြီးမှာ တက္ကသိုလ်ဘွဲ့ရလူငယ်လူရွယ်တွေကိုလုပ်ငန်းပိုင်းဆိုင်ရာ သဘောတရားတွေနဲ့ ကိုယ့်ရဲ့အရည်အချင်းတွေ ပိုမိုထုတ်ပြနိုင်ဖို့အတွက် လမ်းညွှန်ပြသမှုကောင်းတွေ ပေးအပ်ရင်း ကျွန်တော်တို့ အက်တမ် (ATOM) အတွက်လည်း ခိုင်မာပြီး အရည်အချင်းတွေနဲ့ပြည့်ဝနေတဲ့ လူ့စွမ်းအားအရင်းအမြစ်ကို စုစည်းမိနေရုံသာမကဘဲ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍအတွက်ပါ ဘက်စုံတိုးတက်ဖို့နဲ့ ဆန်းသစ်တီထွင်နိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေမှာပါပဲ ဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က မျှဝေပြောကြားခဲ့သည်။

အက်တမ် (ATOM) တွင် အလုပ်လုပ်ကိုင်နေလျက်ရှိသော ကျွမ်းကျင်ပညာရှင်များထံမှ လမ်းညွှန်ပြသမှုများနှင့် သင်ကြားမှုများပါဝင်သော ပြည့်စုံကောင်းမွန်သည့် လေ့လာရေးအတွေ့အကြုံများ၊ လက်တွေ့နှင့် အွန်လိုင်းလေ့လာမှုအခွင့်အလမ်းများ၊ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် နည်းဗျူဟာပိုင်းဆိုင်ရာ ဝင်ရောက်ပါဝင်ဆွေးနွေးမှုများ၊ ပရောဂျက်တာဝန်များ၊ ကျွမ်းကျွင်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများနှင့် အသိပညာဗဟုသုတ မျှဝေသည့်အစီအစဉ်များစသည့် အခွင့်အလမ်းကောင်းပေါင်းများစွာကို ယခု ‘Talent Accelerator Programme’ အစီအစဉ်တွင် ပေးအပ်သွားမည်ဖြစ်သည်။ (၁၈) လတာအစီအစဉ် ပြီးဆုံးသည့်အချိန်တွင် ထိပ်တန်းအရည်အချင်းပြည့်မီသူများအနေဖြင့် အက်တမ် (ATOM) တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်းခြင်းခံရမည်ဖြစ်သည်။

“အက်တမ် (ATOM) မှာ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို လက်ခံကြိုဆိုဖို့အတွက် ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ‘Talent Accelerator Programme’ ကနေတစ်ဆင့် တက္ကသိုလ်ဘွဲ့ရလူငယ်တွေအနေနဲ့ တယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူတွေဆီကနေ အနီးကပ်လေ့လာနိုင်သလို၊ လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေရရှိစေဖို့နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့အတွက် အခွင့်အလမ်းတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်က တက္ကသိုလ်ဘွဲ့ရလူငယ်တွေအတွက် လုပ်ငန်းခွင်ဆီကို တိုက်ရိုက်သွားနိုင်မယ့် အလုပ်အကိုင်လမ်းကြောင်းတစ်ခု ဖန်တီးပေးတဲ့အပြင် မြန်မာနိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်အသိုင်းအဝိုင်းကို တိုးတက်စေဖို့အတွက်လည်း အထောက်အကူပြုပါတယ်” ဟု အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးကျော်မင်းသိန်းကပြောသည်။

အရည်အချင်းသတ်မှတ်ချက်များနှင့် လျှောက်လွှာလျှောက်ထားရန် လိုအပ်ချက်များ

အက်တမ် (ATOM) ၏ ‘Talent Accelerator Programme’ အစီအစဉ်သည် တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်း စတင်အခြေချ အလုပ်လုပ်ကိုင်လိုပြီး လုပ်ငန်းခွင်အတွေ့အကြုံ (၂) နှစ်ထက်မပိုသည့်သူများနှင့် သင့်လျော်သောဘွဲ့ သို့မဟုတ် အသိအမှတ်ပြုလက်မှတ်များရှိသော ဘွဲ့ရလူငယ်များအတွက် ရည်ရွယ်ပါသည်။

‘Talent Accelerator Programme’ အစီအစဉ်အတွက် လျှောက်လွှာလျှောက်ထားမှုများကိုစတင်လက်ခံနေပြီဖြစ်ပါသည်။ အစီအစဉ်ကို စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ယခုဖော်ပြပါ အက်တမ် (ATOM) ဝက်ဘ်ဆိုဒ်လင့်ခ် (https://www.atom.com.mm/my/about/career/work-with-us) နှင့် LinkedIn စာမျက်နှာ (www.linkedin.com/company/atom-myanmar/posts/) တို့တွင် အလုပ်အကိုင်ရာထူးနှင့်ပတ်သက်သော အကြောင်းအရာ အသေးစိတ်အချက်အလက်များကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ယခုဖော်ပြပါ အွန်လိုင်းဖောင်လင့်ခ် (https://forms.gle/F2thzs8QQV39qrcu8) သို့ဝင်ရောက်ပြီး လိုအပ်သော အချက်အလက်များကိုဖြည့်စွက်ကာ ၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

ပဏာမလူရွေးချယ်ခြင်းအဆင့်ကို ရက်သတ္တပတ် (၂) ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေအင်တာဗျူးနှင့် အဖွဲ့လိုက်အင်တာဗျူးဖြေခြင်းများ ပြီးဆုံးလျှင် သက်ဆိုင်ရာမန်နေဂျာမှ နောက်ဆုံး လူတွေ့အင်တာဗျူး ပြုလုပ်သွားမည်ဖြစ်သည်။ အင်တာဗျူးဖြေဆိုအောင်မြင်သူများသည် ယခုအစီအစဉ်တွင် ပါဝင်ရန် ကမ်းလှမ်းသည့်စာကို ရရှိသွားမည်ဖြစ်ပြီး သတ်မှတ်ကာလ (၁၈) လကြာ ဝန်ထမ်းအဖြစ် အက်တမ် (ATOM) တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အလုပ်လုပ်ကိုင်ရမည်ဖြစ်သည်။ အစီအစဉ်တွင်ရွေးချယ်ခြင်းခံရသူများသည် အလုပ်လုပ်နေစဉ်ကာလတစ်လျှောက်တွင် လစဉ်လစာ ရရှိသွားမည်ဖြစ်ပြီး ဖုန်းဘေနှင့် ရုံးအသွားအလာကုန်ကျစရိတ်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

အရည်အချင်းရှိသူများအား မြေတောင်မြှောက် ပံ့ပိုးနိုင်ရန်အတွက် အက်တမ် (ATOM) ၏ ကြိုးပမ်းဆောင်ရွက်ချက်များ

အရည်အချင်းရှိသူများအား မြေတောင်မြှောက် ပံ့ပိုးကူညီရင်း မြန်မာ့တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍ၏ အနာဂတ်ထွန်းတောက်စေရန် လုပ်ဆောင်နေသည့် အက်တမ် (ATOM) ၏ ကြိုးပမ်းဆောင်ရွက်မှုများကို သက်သေသာဓကမှတ်တိုင်ပေါင်းများစွာ စိုက်ထူထားခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း အိုင်တီ (IT) နှင့် နည်းပညာကို စိတ်ပါဝင်စားပြီး အခြေခံအသိပညာရှိသော လူငယ်များအတွက် အသိအမှတ်ပြု စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ဖြစ်သော Technology Trainee Programme (TTP) ကို အက်တမ် (ATOM) က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ စီစဉ်ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်မှတ်တမ်းများလည်း အပါအဝင်ဖြစ်သည်။

အက်တမ် (ATOM) သည် မသန်စွမ်းသူများကို အဓိပ္ပာယ်ပြည့်ဝသည့် လုပ်ငန်းခွင်အတွေ့အကြုံနှင့် သင်ကြားမှုများ ထောက်ပံ့ပေးအပ်နိုင်ရန်အတွက် ‘မျှတ’ အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။ ထို ‘မျှတ’ အစီအစဉ်မှ ရွေးချယ်ခြင်းခံရသူ (၅၀) ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တန်ဖိုးရှိသော လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှုများ သင်ယူလေ့လာနိုင်မည့် (၂) လတာအလုပ်လုပ်ကိုင်ခွင့် (အစမ်းခန့်ကာလ) ပေးအပ်ခဲ့ပြီးဖြစ်သည်။ လုပ်ငန်းခွင်စွမ်းဆောင်ရည်များအပေါ်မူတည်၍ အစီအစဉ်ပြီးမြောက်သည့်အချိန်တွင် ယင်းရွေးချယ်ခံရသူများအနက်မှ (၄) ဦးသည် (၁) နှစ်တာ အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အသက်မွေးဝမ်းကြောင်းခရီးလမ်းကို ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ရန်အတွက် ‘မျှတ’ အစီအစဉ်က လမ်းခင်းပေးခဲ့သည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top