အလုပ်ရှာကြောင်း ဖော်ပြတဲ့ ကတ်ပြားကိုင်ပြီး ကောင်းကင်ဒိုင်ဗင် ထိုးခဲ့သူ အလုပ်ရသွားပြီ

2.6.2023-yyl-2.jpg

အလုပ်ရှာနေကြောင်း ရေးထားတဲ့ ကတ်ပြားကိုင်ပြီး ကောင်းကင်ဒိုင်ဗင်ထိုးခဲ့သူဟာ အလုပ်သစ် ရသွားခဲ့ပါပြီ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ နေထိုင်သူ creative director ခရစ်ဆာရာနိုဟာ Open4Work လို့ ရေးထားတဲ့ ကတ်ပြားကိုင်ပြီး ကောင်းကင်ဒိုင်ဗင် ထိုးခဲ့တာပါ။

” ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော် အလုပ်နားခံလိုက်ရတယ်။ ဒီတော့ အလုပ်သစ် မတွေ့မချင်း ကျွန်တော့်ဘဝက ထိုးစိုက်ဆင်းနေဦးမှာပဲ။ ဆုရ ဖန်တီးမှုတွေ လုပ်နိုင်သူ၊ အလုပ်ကြိုးစားသူ၊ စွန့်စားမှုတွေ လုပ်တတ်သူ၊ လေထီးခေါက်သိမ်းတတ်သူကို ရှာနေတာဆိုရင်တော့ ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ” လို့ ခရစ်ဆာရာနိုက LinkedIn မှာ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ပို့စ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး မန်ချက်စတာမြို့အခြေစိုက် စွန့်ဦးတီထွင် လုပ်ငန်းရှင် ဂျက်ပီယာဂမ်က တွေ့သွားပါတယ်။ ဂျက်ပီယာဂမ်ဟာ Linkup လူမှုကွန်ရက် app ကို ပူးတွဲတည်ထောင်သူ၊ အမှုဆောင်ချုပ် ဖြစ်ပါတယ်။ ဂျက်ပီယာဂမ်ကလည်း အားကျမခံ ကောင်းကင်ဒိုင်ဗင်ထိုးခဲ့ပြီး ခရစ်ဆာရာနိုကို အလုပ်ခန့်ကြောင်း ရေးထားတဲ့ ကတ်ပြား ဖော်ပြခဲ့ပါတယ်။ နောက်နှစ်ပတ်အကြာမှာတော့ ခရစ်ဆာရာနိုက ဂျက်ပီယာဂမ်ရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စာချုပ်ချုပ်ဆိုနေတဲ့ ဗီဒီယို တက်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ Linkup app ဟာ ဝါသနာတူ၊ စိတ်ဝင်စားမှုတူ၊ စိတ်အားထက်သန်မှုချင်း တူညီသူတွေချင်း လက်တွေ့ဘဝမှာ မိတ်ဆွေဖွဲ့နိုင်အောင် ကူညီပံ့ပိုးပေးတဲ့ app တစ်ခု ဖြစ်ပါတယ်။

Ref: Man Lands Dream Job After Skydiving with Sign Asking for Work–New Employer Offers a Job the Same Way

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top