OPPO မှ ခေတ်ရှေ့ပြေး ဒီဇိုင်းနှင့် AI နည်းပညာသစ်များပါဝင်သည့် နေ့မိုက်ညချော OPPO Reno4 ကို မိတ်ဆက်

Main-Photo.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ အဆင့်မြင့်နည်းပညာနှင့် ခေတ်မီဒီဇိုင်းတို့ ပူးပေါင်းပြီး အလန်းဆုံး ဓာတ်ပုံပညာများကို ဖန်တီးပေးနိုင်သည့် နေ့မိုက် ညချော OPPO Reno4 နှင့် OPPO Smart Watch တို့ကို ဩဂုတ်လ ၂၂ ရက်နေ့တွင် OPPO ၏ Official Facebook Page၊ Channel 7 နှင့် Pyone Play App တို့မှ တိုက်ရိုက် ထုတ်လွှင့်သည့် Official Launch Event မှ တစ်ဆင့် မြန်မာနိုင်ငံစျေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။

နေ့မိုက်ညချော OPPO Reno4 တွင် 8GB RAM နှင့် 128GB ROM ပါရှိကာ Qualcomm Snapdragon 720G Processor ဖြင့် ပံ့ပိုးထားပြီး AI Color Portrait, Night Flare Portrait စသည့် ထူခြားဆန်းသစ်သော ကင်မရာ Feature များအပြင် 960fps Smart Slow Motion ပါဝင်သောကြောင့် ဓာတ်ပုံနှင့် ဗီဒီယိုတိုင်းတွင် ဖန်တီးမှုကောင်းမွန်သော ပုံရိပ်များဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။ Galactic Blue နှင့် Space Black ဟူ၍ အရောင် နှစ်မျိုးဖြင့် ထွက်ရှိလာသော နေ့မိုက် ညချော OPPO Reno4 ကို မြန်မာကျပ်ငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ပထမဦးဆုံး Flexible Dual-curved AMOLED Screen နှင့် အတူ Black Color ဖြင့် ထွက်ရှိလာသည့် 46mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၃၁၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Black Color နဲ့ Golden Pink Color တို့နှင့် ထွက်ရှိ လာမည့် AMOLED screen, Google OS အပါအဝင် VOOC အမြန်အားသွင်းခြင်းစနစ် ပါဝင်သော 41mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၂၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ OPPO Smart Watch များကို ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် OPPO Reno4 Pre-order မှာယူသူများအတွက် ပိုက်ဆံပေးစရာ မလိုဘဲ ဖုန်းပိုင်ဆိုင်ခွင့်ရရှိနိုင်မည့် 100% Cash Back အစီအစဥ်များအပြင် Reno4 Pre-order Card နှင့် ဖုန်းလာရောက်ထုတ်ယူသူများအနေဖြင့် OPPO Enco W11 ဝယ်ယူလျှင် ၁၀,၀၀၀ ကျပ် လျှော့ဈေးအပြင် Mytel SIM Card အသစ်အသုံးပြုသူများအနေဖြင့် 10GB Internet Free Data လက်ဆောင်များ လက်ဆောင် ရရှိသွားမည်ဖြစ်သည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ OPPO ၏ မိသားစုဝင် Brand Ambassador များဖြစ်ကြသည့် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ ပိုင်တံခွန် တို့နှင့်အတူ OPPO မိသားစု အနုပညာရှင်များဖြစ်ကြသော မင်းသွေးခန့်၊ ဟန်နီနွေဦးတို့၏ ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဥ်များ၊ Big Bag Band နှင့် လွှမ်းပိုင်တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် Project K အဖွဲ့သားများ၏ အကလှကွက်ဆန်းသစ်မှုများဖြင့် ခမ်းနားစွာ ကျင်းပသွားခဲ့သည်။

ထို့ပြင် အွန်လိုင်းကြည့်ရှုသူများ ပါဝင်ဆင်နွှဲနိုင်သော အမေးအဖြေ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး အဖြေမှန်သူကို အသစ်စက်စက် OPPO Reno4 ကို ချီးမြှင့်ပေးခဲ့ကာ ကံထူးရှင် ၁၀ ဦးကို OPPO Enco W11 နားကြပ် ၁၀ ခု မဲဖောက်ပေးခဲ့သည်။ OPPO ၏ Peak Viewer Callenge အစီအစဥ်အရ ကြည့်ရှုအားပေးနေသော ပရိသတ်များကို Phone Bill မဲဖောက်ပေးခြင်းများ ကိုလည်း ပြုလုပ်ပေးခဲ့သည်။

OPPO Reno4

နေ့မိုက်ညချော OPPO Reno4 သည် ဆန်းသစ်သော Features များနှင့် အတူ ပါးလွှာသည့် ဖုန်းကိုယ်ထည်နှင့် ခန့်ထည်သည့် ဒီဇိုင်းကို အချိုးကျကျ ပေါင်းစပ်ထားကာ ခေတ်မီဆန်းသစ်သော သွင်ပြင်ကို ရရှိစေသည်။ 6.4” Dual Punch-hole Display AMOLED Screen ပါဝင်သည့် နေ့မိုက်ညချော OPPO Reno4 တွင် အထူ 7.7mm နှင့် အလေးချိန် 165g သာ ရှိသောကြောင့် ပိုမို Premium ဆန်သည့် အသွင်အပြင်နှင့် လက်ထဲတွင် ကိုင်ဆောင်ရာတွင် ပေါ့ပါးနေစေမည် ဖြစ်သည်။

OPPO Reno4 တွင် 2MP AI-enhanced Smart Sensor ပါဝင်သော 32MP Front Camera နှင့် 48MP Main Camera၊ 8MP Ultra Wide Angle Camera၊ 2MP Macro Camera နှင့် 2MP Mono Camera ဟူ၍ နောက်ကင်မရာ ၄ လုံး ပါရှိသည်။ OPPO Reno4 တွင် Qualcomm Snapdragon 720G Processor ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 128GB ROM ပါရှိသည်။ 30W VOOC Flash Charge 4.0 ထည့်သွင်းထားသောကြောင့် ၁၅မိနစ် အတွင်း ၃၈ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး မိနစ် ၂၀ အတွင်း တွင် ၅၀ ရာခိုင်နှုန်းကျော် အားပြည့်မည် ဖြစ်သည်။ ထို့ပြင် OPPO Reno4 တွင် Super Power Saving Mode နှင့် Super Nighttime Standby mode လည်း ပါဝင်လာသောကြောင့် ပိုမို အချိန်ကြာကြာ အသုံးပြုလာနိုင်သည်။

OPPO Reno4 ၏ ထူးခြားသော စွမ်းဆောင်ချက်များ

နောက်ထပ် ထူးခြားချက်များအနေဖြင့် AI Colour Portrait နှင့် Night Flare Portrait Feature များအပြင် Video Stability ကို မြှင့်တင်ပေးသော Ultra Steady Video 3.0 ပြီး 960fps Smart Slow Motion လည်းပါဝင်သောကြောင့် Video အမျိုးမျိုးကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူးတည်းဖြတ်နိုင်မည်ဖြစ်သည်။

အသစ်ထွက်ရှိလာသော ColorOS 7.2 ကို ထည့်သွင်းထားသောကြောင့် ကောင်းမွန်သော User Friendly Experience ကို ပေးနိုင် မည့်အပြင် အလုပ်များ လျင်မြန်စွာပြီး၍ ပိုမိုကောင်းမွန်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံကိုလည်း ပေးနိုင်မည်ဖြစ်သည်။ ColourOS 7.2 တွင် Quick Return Bubble နှင့် Icon Pull-Down Gesture အပြင် ဆန်းသစ်သော App နှင့် Features များ ပါဝင်သော OPPO Lab ပါဝင်လာသောကြောင့် သုံးစွဲသူတို့အတွက် အလွန် အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top