Dodge Meme နဲ့ နာမည်ကြီးတဲ့ ခွေးလေးနဲ့Bad Luck Brian Meme စတားတို့ အပြင်မှာ တွေ့ဆုံခဲ့ကြ

2.6.2023-yyl-9.jpg

လူမှုကွန်ယက်ပေါ်မှာ Bad Luck Brian Meme နဲ့ နာမည်ကြီးခဲ့တဲ့ အမျိုးသားဟာ ဂျပန်နိုင်ငံကို အလည်အပတ်ခရီးသွားရင်း Dodge Meme နဲ့ လူသိများတဲ့ ရှီဘာအီနူခွေးလေး ခါဘိုဆုနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bad Luck Brian Meme ထဲက အမျိုးသားရဲ့နာမည်အရင်းက ကိုင် ကာရာဗန်ပါ။


ကိုင် ကာရာဗန်က Doge Meme ထဲက ခါဘိုဆုနဲ့ မေလက တွေ့ဆုံခဲ့တာပါ။ ကာရာဗန်က ခါဘိုဆုနဲ့ တွေ့ဆုံစဉ် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ပေးခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပုံတစ်ပုံတည်းမှာ Meme စတားတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ကောင်းတဲ့တုံ့ပြန်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

ခွေးလေး ခါဘိုဆုရဲ့Doge Meme ဟာ ၂၀၁၃ ခုနှစ်က လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့ပြီး အဲဒီနှစ်မှာ Know Your Meme ရဲ့ နံပါတ် ၁ Meme ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Dogecoin လို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေးတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ Doge meme အဖြစ် ခေတ်စားခဲ့တဲ့ ခါဘိုဆုရဲ့ဓာတ်ပုံကိုလည်း NFTs (အစားထိုးမရတဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှု) အဖြစ် ဒေါ်လာ ၄ သန်းနဲ့ ၂၀၂၁ ခုနှစ်မှာ ရောင်းချခဲ့ပါတယ်။

ကိုင် ကာရာဗန်ရဲ့ပုံဟာ Bad Luck Brian Meme အဖြစ် ခေတ်စားခဲ့တာက သူ့ရဲ့အထက်တန်းကျောင်းသားဘဝကစတင်ခဲ့တာပါ။ အဲ့ဒီပုံကို School Yearbook အတွက် ဟာသအနေနဲ့ ရိုက်ကူးခဲ့တာပါ။ အဲဒီပုံက Meme အဖြစ် နာမည်ကြီးသွားခဲ့ပြီး ကာရာဗန်ရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့ပါတယ်။ အခုဆို သူက သာမန်လူတစ်ယောက်လိုပဲ သူ့ဇနီး၊ သူ့ကလေးတွေနဲ့အတူ အမေရိကန်မှာ နေထိုင်နေပါတယ်။ Bad Luck Brian Meme အဖြစ် ခေတ်စားခဲ့တဲ့ သူ့ရဲ့မူရင်းပုံကိုလည်း NFTs အဖြစ် ပြောင်းလဲပြီး ကန်ဒေါ်လာ ၃၇၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။

Ref: Meme icon Bad Luck Brian got to meet fellow legendary meme Doge

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top