စီးပွားရေးလုပ်ငန်းအားလုံးအတွက် အကောင်းဆုံးကွန်ရက်ချိတ်ဆက်မှုများကို ပေးစွမ်းနိုင်သည့် အရည်အသွေးမြင့် MPT ၏ B2B ဝန်ဆောင်မှုများ

6.10.23-yyl-4.jpg

မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူတစ်ဦးချင်းစီ နှင့် စီးပွားရေးလုပ်ငန်းအားလုံးအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်သည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အစဥ်အမြဲပေးအပ်လျက်ရှိ ပါသည်။ MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည့် ခေတ်မီ ဖိုင်ဘာအင်တာနက် နှင့် မိုဘိုင်းဝန်ဆောင်မှုများ ပါဝင်သည့် ထူးခြားကောင်းမွန်သော B2B ဝန်ဆောင်မှုများကို စျေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေး လျက်ရှိသည်။

စျေးကွက်ပြိုင်ဆိုင်မှုပြင်းထန်သည့် ယနေ့ခေတ်အခြေအနေတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အပြိုင်အဆိုင်ပေးအပ်လာသည်နှင့်အမျှ MPT သည် ယုံကြည်စိတ်ချရပြီး ခိုင်မာသည့် ဆက်သွယ်ရေးကဏ္ဍ၏အရေးပါမှုကို နားလည်သိရှိထားပြီး ဖြစ်ပါသည်။ MPT သည် စီးပွားရေးလုပ်ငန်းများအား မြန်နှုန်းမြင့်ပြီး တည်ငြိမ်မှုရှိသည့် အမျိုးအစားစုံလင်သည့် စီးပွားရေးသုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုသည် ထူးခြားကောင်းမွန်သော အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှု၊ မတူညီသော လုံခြုံမှုအဆင့်များ၊ အရည်အသွေးများ၊ အထောက်အပံ့တို့ကြောင့် စီးပွားရေးလုပ်ငန်းများအကြားတွင် ထင်ရှားလျက်ရှိသည်။
MPT တွင် ရွေးချယ်စရာ စီးပွားရေးသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု နှင့် မိုဘိုင်းဝန်ဆောင်မှု အမျိုးအစားစုံလင်စွာရှိပြီး ၎င်းတို့ထဲမှ လူကြိုက်အများဆုံး ဝန်ဆောင်မှုများမှာ

ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုများ

  • Dedicated Fiber Internet – မြန်နှုန်းမြင့် အင်တာနက် နှင့် နိုင်ငံတကာ ချိတ်ဆက်နိုင်သော ဆက်သွယ်မှုကွန်ရက်ရှိခြင်း၊ bandwidths 1 Mbps မှ 1000 Mbps အတွင်း ရွေးချယ်နိုင်ခြင်း။
  • Business Premium/Eco – အကြီးစားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် တည်ငြိမ်သော အင်တာနက် ချိတ်ဆက်မှု နှင့် အမြင့်မားဆုံး စွမ်းဆောင်ရည်ရှိခြင်း။
  • SME Broadband – GPON နည်းပညာအသုံးပြုထားသည့် SME broadband ဝန်ဆောင်မှုသည် လိုင်းဆွဲအားကောင်းမွန်ပြီး မိုဘိုင်းအကျိုးခံစားခွင့်များပါရရှိခြင်း။
    မိုဘိုင်းဝန်ဆောင်မှုများ
  • Business Allowance Package – Cash Back (ပြန်အမ်းငွေ) ရရှိမည့်အပြင် PSTN အပါအဝင် MPT ဖုန်းအချင်းချင်း ခေါ်ဆိုခြင်း နှင့် Data အသုံးပြုမှုများ ပါဝင်ခြင်း။
  • Business Bundle Package – MPT အချင်းချင်းအပြင် အခြား Operator များကိုပါ စျေးနှုန်းသက်သာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်ခြင်း နှင့် စာတိုပေးပို့နိုင်ခြင်း။
  • B2B Any-net voice package – မည်သည့်အော်ပရေတာကိုမဆို စိတ်ကြိုက်ပြောနိုင်ခြင်း၊ စျေးနှုန်းသက်သာခြင်း၊ ခံစားခွင့်များရရှိခြင်း။
  • B2B Data Plan- ဒေတာပမာဏအား 500MB, 800MB, 1GB, 4GB,10GB,20GB စသဖြင့် ရွေးချယ်ဝယ်ယူနိုင်ခြင်း။

အစိုးရဌာနများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလိုင်စင်နှင့်အတူ MPT ၏ B2B ဝန်ဆောင်မှုများကို အလွယ်တကူ လျှောက်ထားရယူနိုင်ပါသည်။ ထို့နောက် MPT မှ ပေးအပ်လျက်ရှိသည့် များပြားလှသော ဝန်ဆောင်မှုများစွာကို အလွယ်တကူ ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးမားအကျယ်ပြန့်ဆုံးကွန်ရက်ကို ပိုင်ဆိုင်ထားသည့် MPT အနေဖြင့်တည်ငြိမ်သော ကွန်ရက်ချိတ်ဆက်မှုများအပြင် နည်းပညာဆိုင်ရာပံ့ပိုးမှုများကို ၂၄ နာရီပတ်လုံးဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပါသည်။ ထို့အပြင် Service Level agreement guarantee ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုအပြင် စိတ်ကျေနပ်မှုကိုပါ ရရှိနိုင်မည်ဖြစ်သည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ဆန်းသစ်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အစဥ်အမြဲ ကြိုးစားလျက်ရှိပါသည်။ သုံးစွဲသူများ၏ စဥ်ဆက်မပြတ် ထောက်ခံအားပေးမှု၊ ယုံကြည်မှုတို့သည် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် တွန်းအားအဖြစ် ပံ့ပိုးပေးလျက်ရှိပြီး အပြန်အလှန်အောင်မြင်မှုများရရှိရန်အတွက် မိတ်ဖက်များနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုများ ပေးအပ်သွားရန် အဆင်သင့်ရှိနေပါသည်။ အစဥ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး သုံးစွဲသူအသစ်များကိုလည်း MPT နှင့်အတူ အောင်မြင်မှုခရီးလမ်းကို အတူတစ်ကွ လျှောက်လှမ်းရန် ဖိတ်ခေါ်လိုပါသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် *2332# (သို့မဟုတ်) hotline နံပါတ်- 0800 800 9990 (MPT သုံးစွဲသူများအတွက် အခမဲ့) (သို့မဟုတ်) 09426000323 (အခြားအော်ပရေတာများအတွက်) ကို ခေါ်ဆိုပြီး (သို့မဟုတ်) [email protected] သို့ ဆက်သွယ်၍ ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။ MPT ၏ B2B ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက https://mpt.com.mm/en/faq/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top