ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ ရောဂါကြောင့် ကင်ညာကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရ ဖြစ်နေ

6.10.23-yyl-5.jpg

ကင်ညာနိုင်ငံမှာ ထူးဆန်းတဲ့ရောဂါတစ်မျိုးကြောင့် အထက်တန်းကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ် အောက်ပိုင်းလှုပ်ရှားမရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမြို့ကနေ ၃၇၄ ကီလိုမီတာကွာဝေးတဲ့ ကာကာမီဂါမြို့မှ စိန့်ထရီဆာအီရီဂီ မိန်းကလေးကျောင်းရဲ့ ကျောင်းသူ ၉၅ ယောက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အောက်ပိုင်းသေလို့ ဆေးရုံရောက်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်နေတဲ့ မိဘတွေက ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို ဖြေရှင်းချက်ထုတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ မိန်းကလေးတွေဟာ ခြေထောက်တွေ ထုံကျင်ပြီး လှုပ်ရှားမရ ဖြစ်ခဲ့တာကြောင့် ဘီးတပ်ကုလားထိုင် အသုံးပြုနေရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ သိရဖို့ သွေး၊ ဆီး၊ ကျင်ကြီး နမူနာယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကာကာမီဂါမြို့ ကျန်းမာရေးကော်မတီ အကြီးအကဲ ဝီဆွန်ဂါက ပြောပါတယ်။

အခုလို ကြုံခဲ့ပြီးနောက်မှာ စိန့်ထရီဆာအီရီဂီ မိန်းကလေးကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါပြီ။ ခန္ဓာကိုယ် အောက်ပိုင်းသေသွားတဲ့ မိန်းကလေး ၉၅ ယောက်အနက် တော်တော်များများကတော့ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေ တိုးတက်လာပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

Ref: Mysterious Disease Allegedly Leaves Nearly 100 High School Girls with Paralyzed Limbs

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top