ကင်းမရွာ(မကွေးတိုင်း)အတွက် ငွေ (၁) သောင်းလှူဒါန်းပေးရင် Miss Myanmar World 2018 Second Runnerup ယမုံက Crown ကိုမဲဖောက်ပေးမယ်လို့ ကြေညာ

17-6-2021-yyl-24.jpg

မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာအတွက် ငွေကျပ် (၁) သောင်းလှူဒါန်းပေးရင် Miss Myanmar World 2018 Second Runnerup အလှမယ် ယမုံက Crown ကိုမဲဖောက်ပေးမယ်လို့ အွန်လိုင်းကတစ်ဆင့်ကြေညာလိုက်ပါတယ်။

အလှမယ် ယမုံက “ကင်းမရွာအတွက် ၁သောင်းကိုလှုရင်း သိန်း၃၀တန် crown ကိုရမှာပါ။ မဲ ၃၀၀ လောက်ပဲရောင်းမယ်သတ်မှတ်ထားပေမယ့် လှုဒါန်းသူများတဲ့အတွက်ကုသိုလ်ပါဝင်နိုင်အောင် account နာမည်နဲ့ပဲ မဲဖောက်ပေးပီး လှုဒါန်းသူများထဲမှမဲဖောက်ပေးပါမယ်။ ရတဲ့ငွေအကုန်ကို လိုအပ်သူတွေကိုလဲလှုဒါန်းချင်လို့ပါ။ မဲဝယ်မယ်ဆိုရင် Chat Box လာခဲ့ပေးပါ။ crown ကကျောက်တွေကို ဖြုတ်ပီး ပုံစံ ပြောင်းပီး ပြန်လည်အသုံးပြုနိုင်ပါတယ်နော်။ ပေါက်ရင်လဲ ပျော်စရာကြီး မပေါက်လဲ လှူမှာဖြစ်တဲ့အတွက် ကုသိုလ်တွေအများကြီးရမှာနော်။” လို့ ရေးသားထားပါတယ်။

Miss Myanmar World 2018 Second Runnerup အလှမယ် ယမုံရဲ့ Crown တန်ဖိုးက ထိုင်းဘတ် (65000) ၊ မြန်မာငွေ သိန်း (၃၀) ကျော်တန်တယ်လို့ သိရပါတယ်။

ကင်းမရွာအတွက် လှူဒါန်းလိုသူတွေ အလှမယ်ယမုံရဲ့ လူမှုကွန်ယက်ကတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အလှမယ်ယမုံရဲ့ လူမှုကွန်ယက်- https://www.facebook.com/sport.kenji

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top