နယူးယောက်က ကလေးတွေမှာ တွေ့ရတဲ့ COVID-19 ရဲ့ထူးခြားတဲ့လက္ခဏာရပ်သစ်တွေကို ဆရာဝန်တွေအသိပေး

15-5-2020-yyl-012.jpg

COVID-19 ကူးစက်ခံရတဲ့ကလေးတွေမှာ ထူးခြားတဲ့ကျန်းမာရေးအခြေအနေတွေကို မိဘတွေ၊ ဆေးရုံ၊ ဆေးခန်းတွေက မြင်တွေ့ရဖို့မျှော်လင့်ရတယ်လို့ ဆရာဝန်တွေက အသိပေးပြောကြားခဲ့ပါတယ်။ ကလေးတွေမှာတွေ့နေရတဲ့ ကျန်းမာရေးအခြေအနေက multisystem inflammatory syndrome ရောဂါအမျိုးအစားဖြစ်တယ်လို့ ဘောစတွန်ကလေးဆေးရုံရဲ့ဆရာဝန်ဂျက်ဖရီ ဘန်က ပြောပါတယ်။ နယူးယောက်မြို့က အနည်းဆုံးကလေး ၁၅၀ ဦးမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်တွေက လေ့လာစမ်းသပ်နေကြပါတယ်။ ပြည်နယ် ၁၈ ခုနဲ့ ဝါရှင်တန်ဒီစီက ဆေးရုံနဲ့ဆေးခန်းတွေကလည်း ထူးခြားတဲ့လက္ခဏာရပ်တွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီ multisystem inflammatory syndrome ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် တိုက်ရိုက်ဖြစ်တာမဟုတ်ဘဲ လူနာရဲ့ကိုယ်ခံအားတုံ့ပြန်မှုကြောင့်ဖြစ်ရတယ်လို့ ဒေါက်တာဂျက်ဖရီက ပြောပါတယ်။ အဲဒီကျန်းမာရေးအခြေအနေရဲ့လက္ခဏာရပ်တွေက အဖျားကြီးတာ၊ နီမြန်းရောင်ရမ်းတာ၊ ကျောက်ကပ်၊ နှလုံးလို အင်္ဂါအစိတ်ပိုင်းတွေလုပ်ဆောင်မှု အားနည်းတာတွေဖြစ်ပါတယ်။ ကလေးတွေက မျက်လုံးနီတာ၊ လျှာနီတာ၊ နှုတ်ခမ်းကွဲအပ်တာလို သွေးကြောတွေနီမြန်းရောင်ရမ်းတဲ့ လက္ခဏာရပ်တွေလည်းပြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဗြိတိန်ဆရာဝန်တွေက ပြီးခဲ့တဲ့လကမှ အရင်ဆုံးအသိပေးခဲ့တာပါ။ ဗြိတိန်က ကလေး ၇၅ ဦးနဲ့ ၁၀၀ ဦးကြားကလည်း ရောဂါကူးစက်ခံထားရပါတယ်။ အီတလီဆရာဝန်ကလည်း ဒီရောဂါနဲ့ပတ်သက်ပြီး ဒါက ရှုပ်ထွေးတဲ့ ကစဉ့်ကလျားရောဂါပဲလို့ ထုတ်ပြောထားပါတယ်။

Multisystem Inflammatory Syndrome ဖြစ်နေတဲ့ကလေးတွေအားလုံးက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရတဲ့ သူတွေချည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဥရောပနဲ့ အမေရိကက မြို့တော်တော်များများကတော့ ဆက်နွယ်မှုရှိတယ်လို့ ဆိုပါတယ်။ “ဒီကလေးတွေမှာ COVIDကူးစက်ရောဂါနဲ့ ပတ်သက်ပြီး နှောင့်နှေးတဲ့ တုံ့ပြန်မှုတော့ရှိပုံရတယ်” လို့ဆိုပါတယ်။ COVID-19 က လူတွေကို ပိုကူးစက်စေတဲ့အတွက် ထူးခြားတဲ့လက္ခဏာရပ်တွေ ပိုပေါ်လာမယ်လို့ ဒေါက်တာဂျက်ဖရီက ယုံကြည်ထားပါတယ်။ ဒါက ရှားပါးအခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ကူးစက်ရောဂါရဲ့ ရှားပါးအကျိုးဆက်ကလူတွေ သန်းပေါင်းများစွာကူးစက်ခံရတဲ့အခါ ပိုပြီးမြင်တွေ့ရနိုင်ပါတယ်။ “ဒီထူးခြားတဲ့ရောဂါလက္ခဏာရပ်တွေက ၄ ပတ်ကနေ ၆ ပတ်နောက်ပိုင်းမှာ ပေါ်လာမယ်လို့ မျှော်လင့်လို့ရပါတယ်။ နယူးယောက်မြို့က COVID-19 ကူးစက်ခံရဆုံးဖြစ်တဲ့အတွက် နယူးယောက်မြို့မှာ အရင်ဆုံးပေါ်လာခဲ့တာပါ”လို့ ဒေါက်တာဂျက်ဖရီက ပြောပါတယ်။

ကလေးတွေ အများစုက syndromeကို ပြင်းပြင်းထန်ထန်ခံစားရမှာမဟုတ်ပါဘူး။ တချို့သေဆုံးသွားပေမဲ့ အထူးကြပ်မတ်ခန်းမှာ ကုသဖို့တောင်မလိုအပ်ပါဘူးလို့ပြောပါတယ်။ The Centers for Disease Control and Prevention က နိုင်ငံတစ်ဝှမ်းမှာ ဆရာဝန်တွေကို ကျန်းမာရေးအသိပေးချက်တွေ ပို့ပေးဖို့ စီစဉ်နေပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့က Syndrome ကို အဓိပ္ပါယ်သတ်မှတ်ဖို့နဲ့ ဆရာဝန်တွေကို အသိပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒါမှ ဆရာဝန်တွေ ဘာတွေရှာဖွေပြီး ဘယ်လိုကုသရမလဲဆိုတာ သိသွားမှာဖြစ်ပါတယ်။ “ဒီလက္ခဏာရပ်အသစ်တွေက ကာဝါဆာကီရောဂါ (Kawasaki Disease) နဲ့ နည်းနည်းတူတာတွေရှိပါတယ်။ ဒါပေမဲ့ အင်္ဂါစနစ်တွေနဲ့ပတ်သတ်တာ၊ ဝမ်းလျှောပြီး ဝမ်းဗိုက်ပြင်းပြင်းထန်ထန်ဖြစ်တာတွေလို အဆိပ်သင့်Syndromeလို လက္ခဏာတွေရှိပါတယ်လို့ ဆိုပါတယ်။ တုံ့ပြန်မှုတွေက လူကြီးတွေထက် ကလေးတွေက ဘာလို့ COViD-19 သက်ရောက်မှု နည်းရလဲဆိုတာရှင်းပြဖို့ ကူညီပေးမှာဖြစ်တဲ့အတွက် လေ့လာဖို့ အရေးကြီးပါတယ်။

“ကလေးတွေရဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို နားလည်တာက ဖြေဆေး၊ကုသဆေးထုတ်နိုင်ဖို့ သော့ချက်ဖြစ်နိုင်ပြီး ကလေးတွေက COVID-19 ကို ဘာလို့တွန်းလှန်နိုင်သလဲဆိုတာကို နားလည်ဖို့ လူကြီးတွေအတွက် ကုထုံးဖြစ်ဖို့သော့ချက်လည်းဖြစ်နိုင်ပါတယ်”လို့ ဒေါက်တာဂျက်ဖရီက ပြောပါတယ်။ တချို့ပြည်နယ်က ကျန်းမာရေးဌာနတွေက CDC အချက်ပြတာကို စောင့်ဆိုင်းနေကြပါတယ်။ “ဒီSyndrome က အရမ်းအဖြစ်များတယ်လို့ ကျွန်တော်တို့မယုံကြည်ပါဘူး။ ဒါပေမဲ့ COVID-19 နဲ့ပတတ်သက်ပြီး case တော်တော်များများထွက်ရှိနေပါတယ်။ ဒီSyndrome က မြင်ဖူးနေကြမဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေမှာ တွေ့ရတဲ့ COVID-19 ရဲ့ပြင်းထန်တဲ့အကျိုးဆက်ပါပဲ”လို့ the Oregon Health Authority Public Health Division ရဲ့ဒေါက်တာ ပေါလ် ဆီလက်က ပြောပါတယ်။

COVID-19 နဲ့ ဆက်စပ်တဲ့ Multisystem Inflammatory Syndrome နဲ့ ကလေးတွေကို တွေ့ရတဲ့ ပြည်နယ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

– ကယ်လီဖိုးနီးယားပြည်နယ် (California)

-ဒယ်လာဝဲပြည်နယ် (Delaware)

-အီလီနွိုင်းပြည်နယ် (Illinois)

-ကင်တပ်ကီပြည်နယ် (Kentucky)

-လူဝီစီယားနားပြည်နယ် (Louisiana)

-မက်ဆာချူးဆက်ပြည်နယ် (Massachusetts)

-မီချီဂန်ပြည်နယ် (Michigan)

-မင်နီဆိုးတားပြည်နယ် (Minnesota)

-မစ္စစ္စပီပြည်နယ် (Mississippi)

-မစ်ဆိုရီပြည်နယ် (Missouri)

-နယူးဂျာစီပြည်နယ် (New Jersey)

-နယူးယောက်ပြည်နယ် (NewYork)

-အိုဟိုင်းယိုးပြည်နယ် (Ohio)

-အိုရီဂွန်ပြည်နယ် (Oregon)

-ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)

-တင်နက်ဆီပြည်နယ် (Tennessee)

-ယူးတားပြည်နယ် (Utah)

-ဝါရှင်တန်ပြည်နယ် (Washington)

Ref: Expect more cases of strange coronavirus syndrome in kids, doctors warn

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top