ရာသီဥတု ပူပြင်းလာမှပဲ သစ်ပင်တွေရဲ့တန်ဖိုးကို လူတွေ ပိုသိလာကြတာ များတယ်။ အိန္ဒိယနိုင်ငံမှာတော့ သစ်ပင်တွေ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို လူတွေ သတိထားမိလာအောင် လုပ်ပေးခဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ ဒါရီပါလီပါပဲ။ သူက အိန္ဒိယနိုင်ငံအနှံ့မှာ သစ်ပင်ပေါင်း ၁၀ သန်းကျော် စိုက်ပျိုးခဲ့တယ်။

ငယ်ငယ်ကတည်းက အမေဖြစ်သူရဲ့ သွန်သင်မှုကြောင့် သစ်ပင်စိုက်ဖို့ မျိုးစေ့လေးတွေ စုထားတတ်တဲ့ ဒါရီပါလီဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် နှစ် ၅၀ ကျော် ဆောင်ရွက်ခဲ့သူပါ။ ဒါတင်မကသေးပါဘူး။ သူ့မြေကွက်ကို ရောင်းချပြီး မျိုးစေ့နဲ့ အပင်ပေါက်တွေဝင်ကာ အိန္ဒိယနိုင်ငံအနံ့အပြားမှာ သစ်တောပြန်လည်ဖြစ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူပါ။

အဲဒီလို မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ အရပ်ဘက်ဆိုင်ရာ စတုတ္ထအမြင့်ဆုံးဆုဖြစ်တဲ့ Padma Shri ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ဒါရီပါလီဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူ ချန်ရစ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ စိမ်းလန်းစိုပြေရေး အမွေအနှစ်တွေကတော့ ဆက်လက်ရှင်သန်နေမြဲပါပဲ။
Ref: Daripalli Ramaiah
NZ ( ရိုးရာလေး)