၁၁၃ နှစ်ရှိတဲ့ စပိန်နိုင်ငံရဲ့ အသက်အကြီးဆုံး အဘွားအို COVID-19 ရောဂါကနေ ပြန်သက်သာလာ

13-5-2020-yyl-014.jpg

စပိန်နိုင်ငံရဲ့ အသက်အကြီးဆုံး အမျိုးသမီးလို့ ယုံကြည်ထားတဲ့ အသက် ၁၁၃ နှစ်အရွယ် အဘွားအိုဟာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်သက်သာလာပြီလို့ စပိန်နိုင်ငံ အရာရှိတေါက ပြောပါတယ်။ မာရီယာဘရန်ယာဟာ ပြီးခဲ့တဲ့မတ်လက စပိန်နိုင်ငံ ပိတ်ဆို့ခံရပြီးနောက် COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ သီတင်းပတ်တော်တော်ကြာ သီးသန့်ခွဲခြားနေထိုင်ချိန်မှာ ရောဂါလက္ခဏာ မဆိုသလောက်သာ ပြခဲ့ပြီး ရောဂါကနေ ပြန်သက်သာလာတာပါ။

မာရီယာဘရန်ယာဟာ အသက် ၁၁၃ နှစ်အရွယ်ရှိတဲ့အတွက် ၁၉၁၈ ခုနှစ်နဲ့ ၁၉၁၉ ခုနှစ်ကြား ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးကပ်ရောဂါ၊ ၁၉၃၆ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ စပိန်ပြည်တွင်းစစ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတွေကို ဖြတ်သန်းပြီး အသက်ရှင်သန်သူဖြစ်လာပါတယ်။ ၁၉၀၇ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မာရီယာဘရန်ယာဟာ ၂ နှစ်သမီးအရွယ်မှာ ဆန်ဖရန်စစ္စကိုကို ပြောင်းရွှေ့လာခဲ့ပြီး ပထမကမ္ဘာစစ်အတွင်းမှာတော့ ကာတာလန်ဒေသမှာရှိတဲ့ ဂီရိုနာမြို့ကို ရောက်လာခဲ့ပါတယ်။ မာရီယာဘရန်ယာဟာ သားသမီး ၃ ယောက်၊ မြေး ၁၁ ယောက်၊ မြစ် ၁၃ ယောက်ရှိပြီး မြေးအကြီးဆုံးက အသက် ၆၀ ရှိနေပါပြီ။ သူဟာ အိုလော့မြို့ရဲ့ စောင့်ရှောက်ရေးဂေဟာမှာ ဆယ်စုနှစ် နှစ်ခုကြာ နေထိုင်ခဲ့သူပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top