Unilever ၏ ကမ္ဘာ့ထိပ်တန်း အသားအရေထိန်းသိမ်းမှုဆိုင်ရာထုတ်ကုန်ပစ္စည်းအမှတ်တံဆိပ် POND’s သည် BFF Beauty Camp ၏ ကံထူးရှင် (၁၅) ယောက်တို့နှင့်အတူ ငွေဆောင်ကမ်းခြေတွင် ပျော်ရွှင်စရာနွေရာသီအချိန်ကို အမှတ်တရများစွာဖန်တီးပြီး ဖြတ်သန်းခဲ့ကြသည်။

Ponds Winners and Influncers
POND’S BFF Beauty Camp သို့ အေရီရယ်သုတ၊ Kwan Kwann – The Artist၊ မေတိုးခိုင်နှင့် နော်ဖောအယ်ထားတို့တက်ရောက်ခဲ့ပြီး အသားအရေထိန်းသိမ်းမှုဆိုင်ရာ နည်းလမ်းများ၊ မိတ်ကပ်လိမ်းခြယ်နည်းများ၊ BFF များ အချင်းချင်းစိတ်ခွန်အားပေးပြီး တန်ဖိုးထားခြင်း၏ အရေးပါပုံများ၊ အမှတ်တရညစာစားပွဲနှင့် အမှတ်တရ လက်ဆောင်လဲလှယ်ခြင်းများ၊ ဂိမ်းအစီအစဉ်များမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးကျွမ်းဝင်သော BFF အချိန်များကို ရယူနိုင်ခဲ့ကြသည်။

Kwan, Ariel, Phaw, Phoo
POND’S ၏ BFF Beauty Camp ကံစမ်းမဲအစီအစဉ်အား ဖေဖေါ်ဝါရီလ မှ ဧပြီလအထိပြုလုပ်ခဲ့ပြီး သုံးစွဲသူများမှ Pure White (Pollution Out + Purity)၊ White Beauty (Pinkish White) နှင့် White Beauty (Whitening Sun Protect) အမျိုးအစားများကိုဝယ်ယူပြီး အစီအစဉ်တွင် ပါဝင်ကံစမ်းခဲ့ကြခြင်းဖြစ်သည်။ ပါဝင်ကံစမ်းသူများစွာထဲမှ ကံထူးရှင် (၁၅) ယောက်အား မေလ ပထမပတ်တွင် POND’S ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ထုတ်ပြန်ကြေညာပေးခဲ့သည်။
ပြည်သူချစ်အနုပညာရှင်များဖြစ်သော မေတိုးခိုင်၊ နော်ဖောအယ်ထား နှင့် Kwan Kwann တို့မှလည်း POND’S BFF Beauty Camp တွင်ပျော်ရွှင်ဖွယ်ရာအချိန်များ ရယူနိုင်ခဲ့ခြင်းအကြောင်း ပြောပြခဲ့ကြသည်။
POND’S သည် BFF Beauty Camp အစီအစဉ်ဖြင့် ဖြူစင်ဝင်းပသောအပြင်ပန်းအလှသာမက ရှင်သန်ရာလူမှုအသိုင်းအဝိုင်းတွင် ပွဲလယ်တင့်ပြီး ဘဝပန်းတိုင်များကို ယုံကြည်ချက်အပြည့်ဖြင့် ခိုင်မာစွာ ရှေ့ဆက်သွားရန်လိုအပ်သည့် အတွင်းစိတ်ထားကြံ့ခိုင်လှပမှုကိုပါ မီးမောင်းထိုးပြောပြခဲ့သည်။
Team (ရိုးရာလေး)