၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့တဲ့ မြန်မာ ဘောလုံးအသင်း တွေကို Bphone က ဂုဏ်ပြုချီးမြှင့်ခဲ့

bphone01.jpg

ပြီးခဲ့တဲ့ အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) မှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ-၂၂ ဘောလုံး အသင်းတို့အတွက် ဗီယက်နမ်နိုင်ငံက ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် ဖြစ်တဲ့ Bphone မှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပ ပြုလုပ် ပေးခဲ့ ပါတယ်။ အဲဒီအခမ်းအနားမှာ အသင်း (၂) သင်းလုံးကို Bphone က သူတို့ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေနဲ့အတူ ဆုကြေးငွေတွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အဲဒီဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ရုံးချုပ်မှာ ကျင်းပပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ Bkav မြန်မာမှ General Director ဖြစ်သူ Mr. Le Quang Hiep နှင့် တာဝန်ရှိသူများ၊ မြန်မာ့ လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ကစားသမားများ ဖြစ်ကြတဲ့ မြတ်နိုးခင်၊ ခိုင်မိုးဝေ၊ ရီရီဦး၊ ဂျူလိုင်ကျော်နှင့် ခင်မိုမိုထွန်း၊မြန်မာ့ လက်ရွေးစင် အမျိုးသား ယူ-၂၂ ဘောလုံးအသင်းမှ ကစားသမားများ ဖြစ်ကြသည့် လှိုင်းဘိုဘို၊ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်၊ အောင်နိုင်ဝင်း နှင့် ဆန်းဆက်နိုင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် Bphone က စုစုပေါင်း Bphone 3 Pro စမတ်ဖုန်း အလုံးရေ (၄၀) နဲ့ Bphone 3 စမတ်ဖုန်း အလုံးရေ (၄၇) လုံးတို့ကို ကစားသမားတွေထံ ဂုဏ်ပြုပေးအပ်ခဲ့တဲ့အပြင် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်ကိုလည်း မြန်မာငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့ အမြဲအဆင်သင့်ရှိနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အ တွက် Bkav နဲ့ Bphone တို့အနေနဲ့ အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) မှာအကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အတွက် ဝမ်းမြောက်မိပြီး နောက် လာ မယ့် ပြိုင်ပွဲတွေမှာလည်း ဒီထက်ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့အတွက် အားပေးကူညီပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Bkav က နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းအမျိုးအစားများဖြစ်တဲ့ Bphone 3 Pro နှင့် Bphone 3 တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက စတင်မိတ်ဆက် ခဲ့ပါတယ်။ Bphone 3 Proနှင့် Bphone 3 စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ အနီးကပ်ပုံရိပ်တွေကို အသေးစိတ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်တဲ့ အသိဉာဏ်မြင့်မားသော ကင်မရာ၊ IP68 အဆင့်ရှိ ရေနှင့်ဖုန်ဒဏ်ခံနိုင်စွမ်း၊ အဆင့်မြင့် လုံခြုံရေးစနစ်နှင့် ခိုးယူမှုမှ ကာကွယ်နိုင်သည့် အဆင့်မြင့်နည်းပညာ၊ ဖုန်းမျက်နှာပြင်ရဲ့ အောက်ခြေမှာ မျက်နှာပြင် အပြည့်ပါဝင်တဲ့ အဆင့်မြင့် ဒီဇိုင်းနဲ့ အခြား အဆင့်မြင့် လုပ်ဆောင်ချက် တွေက အသုံးပြုသူတွေရဲ့  ကြိုက်နှစ်သက် အားပေးမှုတွေကို ရရှိထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top