ဖူးခက်တွင် ခွင့်ပြုချက်မရဘဲ မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့တဲ့အတွက် နိုင်ငံခြားခရီးသွားခုနှစ်ဦး အဖမ်းခံရ

ph1.jpg

ဖူးခက်က နာမည်ကြီးနေရာတွေဖြစ်တဲ့ Kathu Temple နဲ့ Kata Noi Beach တွေမှာ မင်္ဂလာဓာတ်ပုံရိုက်ကူးနေတဲ့နိုင်ငံခြားသားတွေကို ဖူးခက်လူဝင်မှုကြီးကြပ်ရေးအရာရှိက သွားရောက်စစ်ဆေးခဲ့ပြီး ဥပဒေနဲ့အညီ မင်္ဂလာဓာတ်ပုံမရိုက်ကူးခဲ့တဲ့အတွက် အဲဒီနိုင်ငံခြားသားခုနှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

 

ဖူးခက်လူဝင်မှုကြီးကြပ်ရေးရုံးရဲ့သတင်းထုတ်ပြန်ချက်အရ မင်္ဂလာဓာတ်ပုံရိုက်ကူးရေးအဖွဲ့သားအားလုံးက အလည်အပတ်ဗီဇာကိုသာ ကိုင်ဆောင်ထားတဲ့နိုင်ငံခြားသားတွေဖြစ်ပါတယ်။ နိုင်ငံခြားသားခုနှစ်ဦးစလုံးကို စစ်ဆေးမေးမြန်းဖို့အတွက် Karon နဲ့ Kathu ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဖူးခက်မှာ လုပ်ငန်းဗီဇာနဲ့မဟုတ်ဘဲ အလည်အပတ်ဗီဇာနဲ့သာ ဆက်တင်ဆောက်ပြီး မင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့တဲ့အတွက်ကြောင့် အခုလိုအဖမ်းခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် အခြားဘယ်နိုင်ငံပဲသွားသွား စီးပွားဖြစ်အနေနဲ့အလုပ်တစ်ခုခုလုပ်ကိုင်မယ်ဆိုရင် လုပ်ငန်းဗီဇာလုပ်ပြီးမှ သွားသင့်ပါတယ်။

Ref: Seven arrested over illegal pre-wedding photo shoots in Phuket
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top