လက်ကမ်းကြော်ငြာစာကိုမြင်ပြီး ကျောက်ကပ်လှူပေးခဲ့တဲ့ ကလေးနှစ်ယောက်မိခင်

k2.jpg

အမန်ဒါ ဟေဟတ် (Amanda Hayhurst) က သူမရဲ့အကြီးဆုံးသားလေး တိုက်ကွမ်ဒိုသင်တန်းပြီးဖို့ သားငယ်လေးနဲ့အတူစောင့်နေရင်း သူရဲ့ဘဝကို ပြောင်းလဲသွားမဲ့အပြင် အခြားသူရဲ့ဘဝကို ကယ်တင်နိုင်မဲ့ လက်ကမ်းကြော်ငြာကို တွေ့မြင်ခဲ့ပါတယ်။

လက်ကမ်းကြော်ငြာလေးကတော့ ရှစ်နှစ်တိုင်အောင် ကျောက်ကပ်အလှူရှင်ကို ရှာဖွေနေခဲ့တဲ့ အသက်ငါးဆယ်အရွယ် ဘွန်ချယ်လ်နိုက်တ် (Vonchelle Knight) အကြောင်းပဲဖြစ်ပါတယ်။

အမန်ဒါက ကျောက်ကပ်အစားထိုးခြင်းဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး။ ဒါပေမဲ့ “သူမ မဟုတ်ရင် ဘယ်သူက လှူမှာလဲ။ မိသားစု၊ သူငယ်ချင်းတွေနဲ့လဲ နိုက်တ်နဲ့ကိုက်ညီမှုမရှိဘူး”ဆိုပြီး တွေးမိခဲ့ပါတယ်။

အမန်ဒါက သူနဲ့တစ်ခါမှမဆုံဘူးတဲ့နိုက်တ်အတွက် ကိုက်ညီမှုရှိမရှိ ဆေးရုံကို သွားရောက်ဆေးစစ်ခဲ့ပြီး နှစ်လနီးပါးအကြာမှာ သူတို့နှစ်ယောက်လုံးဝကိုက်ညီမှုရှိတယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ချပေးနိုင်ခဲ့ပါတယ်။

နိုက်တ်ရဲ့သမီးနဲ့အတူ အမန်ဒါက နိုက်တ်အိမ်ကို သွားရောက်တွေ့ဆုံခဲ့ပြီး အမန်ဒါရဲ့ကျောက်ကပ်လှူမဲ့သတင်းက နိုက်တ်အတွက် အထူးလက်ဆောင်ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့မှာ အမန်ဒါနဲ့နိုက်တ်တို့နှစ်ယောက်က ကျောက်ကပ်အစာထိုးခွဲစိတ်မှုကို အောင်အောင်မြင်မြင်နဲ့ပြီးမြောက်ခဲ့ပါတယ်။

အခုဆိုရင် အမန်ဒါနဲ့နိုက်တ်တို့က အချင်းချင်းရင်းနှီးသွားခဲ့ပြီး အပန်းဖြေခရီးအတူတူထွက်ဖို့တောင်စီစဉ်နေကြပါတယ်။

“အမန်ဒါက ကျွန်မရဲ့ညီမလေးပါပဲ။ သူ့ မိသားစုက ကျွန်မမိသားစုလိုဖြစ်တဲ့အတွက် အမြဲတမ်းအတူရှိနေမှာပါ”လို့ နိုက်တ်က ပြောကြားခဲ့ပါသေးတယ်။

တကယ်ဆိုရင် ကိုယ်နဲ့မတွေ့ဘူး၊ မရင်းနှီးဘူးတဲ့လူတစ်ယောက်ကို ကျောက်ကပ်လှူဒါန်းဖို့ဆိုတာ အရမ်းကိုခဲယဉ်းလှပါတယ်။ ဘယ်သူမှ တိုက်တွန်းမှုမရှိဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ကျောက်ကပ်လှူခဲ့တဲ့အမန်ဒါရဲ့မွန်မြတ်တဲ့စိတ်ဓာတ်ကို ဒီအကြောင်းအရာလေးကနေ တွေ့မြင်နိုင်ပါတယ်။ လူ့အသက်တစ်ချောင်းတင်မပါဘူး၊ တိရစ္ဆာန်လေးတွေရဲ့အသက်ကိုလည်း မွန်မြတ်တဲ့စိတ်ထားလေးနဲ့ကယ်တင်နိုင်ကြပါလို့ဆန္ဒပြုလိုက်ရပါတယ်။

Ref:ABC News “Mom of 2 donates kidney to single mom of 2 after seeing flyer at son’s Taekwondo studio”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top