မိခင်ကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် Captian America ဇာတ်ကားထဲက သရုပ်ဆောင်မင်းသမီးကို ဖမ်းဆီး

yyl-039.jpg

Captain America: The First Avenger ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မိုလီဖစ်ဂျရယ်ဟာ မိခင်ဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် အဖမ်းခံထားရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်က အိုလာသီမြို့နေအိမ်မှာ အသက်(၆၈)နှစ်ရှိတဲ့ မိခင်ဖြစ်သူ ပက်ထရစ်ရှာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့အင်္ဂါနေ့က ဖစ်ဂျရယ်ကို ဖမ်းဆီးခဲ့တာပါ။ ဖစ်ဂျရယ်ကို ဒုတိယအဆင့် လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး ဂျွန်ဆင်ကောင်တီ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဖစ်ဂျရယ်ရဲ့ အာမခံကြေးကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ သတ်မှတ်ထားပါတယ်။

အသက်(၃၈)နှစ်ရှိတဲ့ ဖစ်ဂျရယ်ဟာ သရုပ်ဆောင်မင်းသမီး၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိတဲ့ Captain America: The First Avenger ဇာတ်ကားမှာ Stark Girl အဖြစ် မထင်မရှား အခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူဟာ အဲဒီဇာတ်ကားမှာ ရုပ်ရှင်ဒါရိုက်တာ ဂျိုးဂျွန်ဆင်ရဲ့ လက်ထောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် သူဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိတဲ့ The Lawful Truth နဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိတဲ့ The Creeps ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ပက်ထရစ်ရှာ ဓားထိုးခံရတဲ့ဖြစ်ရပ်နောက်ကွယ်က အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ လက်နက်ကိုင်ဆောင်ပြီး သောင်းကျန်နေတယ်ဆိုတဲ့ သတင်းအရ အရာရှိတွေ ရောက်လာချိန်မှာ ပက်ထရစ်ရှာက သေနေပါပြီ။ အခင်းဖြစ်ပွားရာနေရာမှာ ဖစ်ဂျရယ်ကို တွေ့ရှိခဲ့ပြီး အသေးစားဒဏ်ရာတွေကို ကုသပေးဖို့ သူ့ကို ဆေးရုံတင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ သံသယရှိလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top