ရာထူးက နုတ်ထွက်သွားတဲ့ တောင်အာဖရိက သမ္မတ

p05y6nmp.jpg

ရာထူးက နုတ်ထွက်သွားတဲ့ တောင်အာဖရိက သမ္မတ တောင်အာရိက သမ္မတ ဂျက်ကော့ဇူးမား ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ ဇူးမားဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ရုပ်သံမှတဆင့် မိန့်ခွန်းပြောဆိုချိန် အတွင်း သမ္မတ ရာထူးက နုတ်ထွက်တဲ့အကြောင်းကို ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

အာဏာရပါတီ ANC က သမ္မတ ရာထူးက နုတ်ထွက်ဖို့ ဒါမှမဟုတ် လွတ်တော် အတွင်း အယုံအကြည်မရှိ အဆိုနဲ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်မူတွေ ရှိနေခဲ့ပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိ ဇူးမားဟာ သမ္မတရာထူးကို ANC ပါတီခေါင်းဆောင်သစ်ဒုတိယ သမ္မတ ရာမာဖိုဆာကို လွှဲပေးဖို့ ဖိအားတွေ ရှိနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ကတည်းက သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဇူးမား ဟာ အကျင့်ပျက်လာဘ်စားမှု စွဲချက်မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က တောင်အာဖရိက ရဲတွေဟာ ဇူးမားနဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ပြီး ချမ်သားကြွယ်ဝတဲ့ ဂတ်တာ မိသားစုရဲ့ ဂျိုဟန်နက်စ်ဘတ်မြို့က အိမ်ကို စီးနင်းမှုတွေ ရှိခဲ့ပါတယ်။

ဇူးမားဟာ သူရဲ့နုတ်ထွက် မိန့်ခွန်းပြောဆိုချိန်မှာ ANC ပါတီအတွင်း အကြမ်းဖက်မှုတွေ ၊ သဘောထား ကွဲလွဲမှုတွေက ရာထူးက နုတ်ထွက်စေအောင် လွှမ်းမိုးမှုတွေ ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဇူးမားက သူ့ကြောင့် အသက်ဆုံးရှုံးရတာမျိုး၊ သူကြောင့်ပါတီအတွင်း ခွဲခြမ်းသလို ဘယ်တော့မှအဖြစ်ခံမှာ မဟုတ်တာကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပါတီအတွင်း ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောမတူညီမှုတွေ ရှိနေခဲ့ရင်တောင် သူ ဟာ ANC ပါတီ ရဲ့ စည်းကမ်းလိုက်နာတဲ့ ပါတီဝင်တစ်ဦးဖြစ်တယ်လို့ ဇူးမားက ပြောခဲ့ပါတယ်။

Ref: BBC News: South Africa’s Jacob Zuma resigns after pressure from party

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top