အာဗီချီရဲ့ ရှင်သန် ကျန်ရစ်ခဲ့တဲ့ သီချင်းကောင်း ၅ ပုဒ်

avicii.jpg

EDM လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ အာဗီချီ (Avicii) တစ်ယောက် အောင်မြင်မှုတွေ ရရှိနေချိန် မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူမသေခင် အသက် ၂၈ နှစ်မှာ Billboard Music Award အတွက် လျာထားခြင်းခံခဲ့ရပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေကြောင့် ဒီဆုက ထိုက်တန်တယ်လို့ ပရိသတ်အချို့က ပြောခဲ့ကြပါတယ်။

Avicii ကိုအောင်မြင်မှု စိုက်ထူနိုင်စေခဲ့ပြီး ပရိသတ်တွေရင်ထဲ ရှင်ကျန်ရစ်ခဲ့တဲ့ သီချင်း ၅ ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

Le7els

၂၀၁၁ မှာထွက်ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ အချပ်ရေ ၁ သန်းကျော် ရောင်းချပြီး ပလက်တီ နမ်အဆင့် ရရှိခဲ့ပါတယ်။ ယူကေနိုင်ငံ တစ်ကိုယ်တော် အခွေဇယားမှာ နံပါတ် ၄ နေရာမှာ ရောက်ခဲ့ပါတယ်။

Wake Me Up!

ပွဲဦးထွက် သီချင်းအယ်ဘမ် “True” မှ ထွက်ဝေတဲ့ lead single ဖြစ်ပြီး ယူကေနိုင်ငံမှာ အချပ်ရေ ၂ သန်းနီးပါး ရောင်းချခဲ့ပြီး အမေရိကန် မှာ အချပ်ရေ ၄ သန်းကျော် ရောင်းချခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာမှာ နံပါတ် တစ်နေရာက ရပ်တည်ခဲ့ပါတယ်။

The Days

ရော်ဘင် ဝီလျံ (Robbie Williams) က featuring သီဆိုပေးထားတဲ့ The Days ကို ၂၀၁၄ မှာ ဖြန့်ချိခဲ့ပြီး ပရိသတ်တွေ ရင်ထဲ ထိစေတဲ့ သီချင်းစာသား “Under the tree where the grass don’t grow/ We made a promise to never get old” ကြောင့် လူကြိုက်များခဲ့ပါတယ်။

You Make Me

Wake Me Up သီချင်းနောက်မှာ ဆက်လက်ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး ရောင်းအားနှုန်း မှီအောင် ကြိုးစားခဲ့ပေမဲ့ အမေရိကန်နဲ့ ယူကေမှာ ရွှေအဆင့်ထိပဲ ရောင်းရခဲ့ပါတယ်။

Waiting For Love

၂၀၁၅ မှာ ဖြန့်ချီခဲ့တဲ့ အာဗီချီရဲ့ ဒုတိယမြောက် အယ်ဘမ်မှာပါရှိတဲ့ lead single ဖြစ်ပါတယ်။ စစ်ကို ဆန့်ကျင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ယူဆရပြီး နည်းပညာအသစ်နဲ့ ဖန်တီးထားတဲ့ ၃၆၀ ဒီဂရီ ဗီဒီယို ပါရှိပါတယ်။

Ref: Avicii dead: Swedish DJ and musician’s five greatest songs

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top