ညဘက်ကို သစ်သီးစားလို့ရရဲ့လား

yyl-023.jpg

ကျွန်တော်တို့အများစုက ညဘက်ရောက်ရင် ချိုတာတစ်ခုခုစားချင်စိတ် ဖြစ်ကြပါတယ်။ သင်က ကိုယ်အလေးချိန်လျော့ချနေတဲ့သူဆိုရင် သင့်ရဲ့ဆာလောင်မှုကို ထိန်းချုပ်ဖို့အတွက် အသီးတွေစားပါလိမ့်မယ်။ သစ်သီးတွေက ကျန်းမာရေးနဲ့ညီညွှတ်တယ်၊ အရည်ရွှမ်းတယ်၊ အာဟာရပြည့်တယ်၊ သဘာဝအတိုင်းချိုတယ်။ အခြားသကြားပါဝင်တဲ့ အစားအစာတွေထက် ပိုပြီးကောင်းပါတယ်။ ဒါပေမဲ့ ညဘက်တွေမှာ အသစ်ကို စားသင့်လား၊ မစားသင့်လားဆိုပြီး ဇဝေဇဝါဖြစ်မိကြမှာပါ။ သင့်ရဲ့ဇဝေဇဝါဖြစ်မှုကို ဒီဆောင်းပါးလေးက စိတ်ရှင်းသွားစေမှာဖြစ်ပါတယ်။

လေ့လာချက်တွေမှာ ညစာစားတာနဲ့ သစ်သီးစားတာကြားမှာ အချိန်ကွာဟချက် ရှိသင့်ပါတယ်။ ဒါတွေနှစ်ခုလုံးက အစာခြေစနစ်မှာ မတူကွဲပြားစွာ သက်ရောက်မှုရှိတဲ့ အတွက်ကြောင့်ပါ။ လူတစ်ယောက်က အိပ်ရာမဝင်ခင် အနည်းဆုံး (၃ – ၄) နာရီကြိုပြီး ညစာစားသင့်ပါတယ်။ ညစာနဲ့ အသီးကို အတူတူစားမိရင် ကျွန်တော်တို့ခန္ဓာကိုယ်က ညစာစားပြီးမှ စားတဲ့အသီးကို အရင်ဆုံး အစာချေဖျက်မှာဖြစ်ပါတယ်။ ဒါက အစာမကြေတာတွေဖြစ်လာပြီး ညစာကနေရရှိတဲ့ အာဟာရဓာတ်တွေအားလုံးကို ကျွန်တော်တို့ခန္ဓာကိုယ်က စုပ်ယူနိုင်မှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

တချို့လူတွေက အိပ်ရာမဝင်ခင် အသီးစားတာက အိပ်ချင်စိတ်ဖြစ်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒါက ဆန့်ကျင်ဘက်ပါပဲ။ သစ်သီးတွေက ခန္ဓာကိုယ်က သကြားဓာတ်ကို ထုတ်လွှင့်ပြီး သင့်စွမ်းအင်တွေကို စုပ်ယုတ်စေပါတယ်။ သင့်ကို အိပ်မောကျဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့အတွက် ညဘက်မှာ သစ်သီးစားလို့ မရတာတော့မဟုတ်ပါဘူး။ ညစာစားပြီး မိနစ် (၃၀) လောက်မှာ သစ်သီးကို စားသုံးပေးသင့်ပါတယ်။

အိပ်ရာမဝင်ခင် သင့်ရဲ့သစ်သီးရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ညဘက်မှာ သစ်သီးကို ပန်းကန်အပြည့်မစားပါနဲ့။ ဖရဲသီး၊ သစ်တော်သီး၊ ကီဝီသီးလို အမျှင်ဓာတ်ကြွယ်ဝတဲ့၊ သကြားဓာတ်နည်းတဲ့ သစ်သီးတွေကိုသာစားသုံးပါ။ အသီးစားပြီးရင် ချက်ချင်းမအိပ်စက်ပါနဲ့နော်။

Ref: Truth revealed: Should you eat fruits at night?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top