တစ်ကိုယ်တည်းသမား (Single) တွေက အဖော်ရှိပြီးသူ (RS) တွေထက် လူ့သက်တမ်းပိုတိုနိုင်

rs.jpg

ခြောက်ခြားစရာကောင်းတဲ့ လေ့လာတွေ့ရှိချက်ကြီးပါပဲ။ အထီးကျန်ခြင်းဟာ အဝလွန်ခြင်းထက်ပိုပြီး အန္တရာယ်များကြောင်း တွေ့ရှိခဲ့ကြပါတယ်။ လူဆိုတာ တစ်ဦးပေါ်တစ်ဦးအမှီသဟဲပြုပြီးနေထိုင်ကြတဲ့ သတ္တဝါတွေမှန်း အစတည်းကကျွန်တော်တို့ သိရှိပြီးသားဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အထီးကျန်ခြင်းဟာ သေဆုံးနိုင်ချေ ၅၀% ပိုများကြောင်းကိုလည်း စစ်တမ်းတွေအရ သိရှိခဲ့ရပါတယ်။

တစ်သီးတစ်သန့်တည်းနေထိုင်ရခြင်းက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုလည်း သာဓကတွေအများကြီးပြလို့ရပါတယ်။ အကယ်၍များ တစ်စုံတစ်ယောက်က အင်မတန်ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်မယ်ဆို ၎င်းဟာစစ်ဗျူဟာတွေအရ မြေတိုက်ရဲ့ သီးခြားထောင့်အခန်းထဲမှာ တစ်ဦးတည်းသီးသန့်အထားခံရတတ်ပါတယ်။ နောက်ထပ်ကလေးသူငယ်တွေကို လူတွေနဲ့ဝေးတဲ့နေရာမှာထားမယ်ဆိုရင်လည်း ၎င်းတို့ဟာအစာရေစာပြတ်လပ်မှုကြောင့် သေဆုံးရတတ်ပြန်ပါတယ်။ ဒါကြောင့်မို့ တစ်သီးတစ်သန့်အထားခံရခြင်းနဲ့ နေခြင်းတွေကြောင့် ဖြစ်လာရတဲ့နောက်ဆက်တွဲ ပြဿနာတွေကို ကလေးသူငယ်နဲ့ ရာပေါင်းများစွာသော အကျဉ်းသားတွေကနေတစ်ဆင့် ဥပမာယူပြီး လေ့လာကြည့်လို့ရနေပါပြီ။

ယနေ့ခေတ်မှာဆို နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ဖို့ အရမ်းကိုလွယ်ကူလာကြပါတယ်။ အဲဒီလို အလွယ်တကူဆက်သွယ်လာနိုင်ခြင်းကပဲ အထီးကျန်ရခြင်းတွေကို မြင့်တက်လာစေတာပါ။ အမေရိကန်နိုင်ငံသားတော်တော်များများဟာ အသိမိတ်ဆွေတွေနဲ့ မိသားစုတွေရှိနေပါလျက် စိတ်ကျရောဂါကို တဖြည်းဖြည်းချင်းခံစားနေရကြရပါတယ်။ ၎င်းတို့ထဲကမှ ၇၀% သောသူတွေရဲ့ မိဘတွေနဲ့ အသိမိတ်ဆွေတွေဟာ ၎င်းတို့တကယ်အထီးကျန်နေကြကြောင်းသာသိသွားခဲ့ရင် မင်သက်ဆွံ့အသွားကြလောက်သူတွေပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပြင်ပန်းပျော်နေသယောင်ထင်ရပေမဲ့ မသိစိတ်နဲ့ ရင်ဘတ်ထဲမှာ နာကျင်နေကြသူတွေပဲ ဖြစ်ပါတယ်။

Granset ကကောက်ယူခဲ့တဲ့ စစ်တမ်းမှာဆိုရင်လည်း အင်္ဂလန်နိုင်ငံရဲ့ သက်ကြီးပိုင်း ၇၅% လောက်ဟာ အဖော်မဲ့ခြင်းနဲ့ အထီးကျန်ခြင်းကို နေ့ရက်တိုင်းကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီလိုကြုံတွေ့နေရတယ်ဆိုတာကိုလည်း ထုတ်မပြောကြတဲ့သူတွေက များပါတယ်။ စစ်တမ်းတွေအရဆိုရင် ဗြိတိသျှလူမျိုးတွေဟာ ဥရောပနိုင်ငံတွေထဲမှာ အထီးကျန်မှုအများဆုံးလူမျိုးတွေဖြစ်ပါတယ်။ ၎င်းစိတ်ပိုင်းဆိုင်ရာရောဂါကို ကုသနိုင်ဖို့အတွက် ဒေါ်လာ (၂၆) မီလီယံလောက် နိုင်ငံနဲ့ချီပြီး နှစ်စဉ်ကုန်ကျနေကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အလွန်တရာမှ အရေးကြီးပါတယ်။ ကိုယ်ခံစားနေရတာတွေကို ထုတ်ဖော်ပြသဖို့ရာ ရှက်မနေသင့်ပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်။ ဘာဖြစ်နေတယ်ဆိုတာကိုလည်း ကိုယ်တိုင်နားလည်ထားဖို့လည်းလိုပါသေးတယ်။ အထီးကျန်ခြင်းတွေလွန်မြောက်နိုင်ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ စာရေးသူကဆုတောင်းပေးလိုက်ပါတယ်။

Ref : truththeory.com “ Being Single Will Kill You Faster Than Obesity, Say Scientists”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top